ရှေ့သို့

03 December, 21:30 PM

နယ်သာလန် Logo

3 : 1

အမေရိကန် Logo
နယ်သာလန်

ပွဲပြီး

အမေရိကန်
၉၄+၄ မိနစ်

Image လူလဲ

နယ်သာလန် - ဒီလစ် (ဝင်)၊ အကီ (ထွက်)။

၉၀+၇ မိနစ်

ပွဲကစားချိန်ပြီးပါပြီ! (နယ်သာလန် ၃ဂိုး - ၁ဂိုး အမေရိကန်)

၉၀ မိနစ်

အချိန်ပို ၇မိနစ် ထပ်ပေးထားပါတယ်။

၈၇ မိနစ်

Image အဝါကတ်

နယ်သာလန် - အာရွန်ဆန်ကို ဒီဂျောင်လူချကစားတာကြောင့် အဝါကဒ်ပြသခံလိုက်ရပါတယ်။

၈၄ မိနစ်

အမေရိကန် - အမေရိကန်အသင်းက ဖိအားတိုက်စစ်ဆင်နေပါတယ်။

၈၀ မိနစ်

Image ဂိုး

နယ်သာလန် - ဂိုး! အမေရိကန်အသင်းအတွက် တတိယမြောက်ဂိုးကို ဘလိုင်းရဲ့ ဖန်တီးမှုမှတစ်ဆင့် ဒမ်ဖရီးက သွင်းယူပေးခဲ့ပါတယ်။

၇၇ မိနစ်

အမေရိကန် - ပူလီဆစ်ရဲ့ အဝေးကန်ချက် အားပျော့တာကြောင့် နယ်သာလန်ဂိုးသမား နော့ပတ် ဖမ်းယူလိုက်နိုင်ပါတယ်။

၇၅ မိနစ်

Image ဂိုး

အမေရိကန် - ဂိုး! အမေရိကန်အသင်းအတွက် ချေပဂိုးကို ပူလီဆစ်ရဲ့ ဖန်တီးမှုမှတစ်ဆင့် လူစားဝင်ကစားသမား ဟာဂျီဝိုက်က ကန်သွင်းယူပေးခဲ့ပါတယ်။

၇၄ မိနစ်

Image ထောင့်ကန်ဘော

အမေရိကန် - ဒီပေးရဲ့ အမှားမှတစ်ဆင့် ဝရိုက် အပိုင်ကန်သွင်းခွင့်ရခဲ့ပေမဲ့ နယ်သာလန်နောက်တန်းက ရှင်းထုတ်လိုက်တာကြောင့် ထောင့်ကန်ဘောရရှိထားပါတယ်။

၇၁ မိနစ်

နယ်သာလန် - ထောင့်ကန်ဘောမှတစ်ဆင့် ကိုဒီဂက်ပိုရဲ့ပေးပို့မှုကို ဗန်ဒိုက်ခေါင်းတိုက်ရမှာ ဂိုးဘားပေါ် ကျော်တက်သွားခဲ့ပါတယ်။

၆၈ မိနစ်

Image လူလဲ

အမေရိကန် - ဟာဂျီဝရိုက်၊ အာရွန်ဆန် (ဝင်)၊ တီမိုသီဝီယာ၊ မက်ကင်နီ (ထွက်)။

၆၅ မိနစ်

ရော်ဘင်ဆင် ဒဏ်ရာရရှိနေတာကြောင့် ခေတ္တရပ်နားထားပါတယ်။

၆၂ မိနစ်

Image အဝါကတ်

နယ်သာလန် - လူစားဝင်ကစားသမား ကူမိုင်းနား ပူလီဆစ်ကို ကစားပုံကြမ်းတာကြောင့် အဝါကဒ်ပြသခံလိုက်ရပါတယ်။

၆၀ မိနစ်

အမေရိကန် - ပူလီဆစ်ကို ဗန်ဒိုက် ဝင်ရောက်ကစားပုံကြမ်းတာကြောင့် နယ်သာလန်ဂိုးဧရိယာနားမှာ ဖရီးကစ်ကန်ခွင့်ရရှိထားပါတယ်။

၅၇ မိနစ်

နယ်သာလန် - ဒီဂျောင်နဲ့ ဘလိုင်း ကွင်းလယ်နားမှာ အပေးအယူပြုလုပ်ထားပါတယ်။

၅၄ မိနစ်

အမေရိကန် - နယ်သာလန်ဂိုးဧရိယာထိပ်မှ မက်ကင်နီရဲ့ကန်သွင်းချက် ဂိုးဘားပေါ်ကျော်တက်သွားခဲ့ပါတယ်။

၅၁ မိနစ်

အမေရိကန် - ပူလီဆစ်ရဲ့ ပေးပို့မှုကနေ မက်ကင်နီ ခေါင်းတိုက်သွင်းယူခဲ့ပေမဲ့ နယ်သာလန်ဂိုးသမား နော့ပတ် ကာကွယ်နိုင်ခဲ့ပါတယ်။

၄၉ မိနစ်

အမေရိကန် - ရေနာ (ဝင်)၊ ဖာရီဒါ (ထွက်)။

၄၇ မိနစ်

Image လူလဲ

နယ်သာလန် - ဘာ့ဂျ်ဝင်၊ ကူမိုင်းနား (ဝင်)၊ ဒီရွန်း၊ ကလာဆန် (ထွက်)။

၄၅ မိနစ်

ဒုတိယပိုင်း ပြန်လည်စတင်ပါပြီ!

၄၅+၂ မိနစ်

ပထမပိုင်းပွဲကစားချိန် ပြီးပါပြီး! (နယ်သာလန် ၂ - ၀ အမေရိကန်)

၄၅+၁ မိနစ်

Image ဂိုး

နယ်သာလန် - ဂိုး! နယ်သာလန်အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို ဒမ်ဖရီးရဲ့ ဖန်တီးမှုကနေ ဒါလေဘလိုင်းက သွင်းယူပေးခဲ့ပါတယ်။

၄၅ မိနစ်

အချိန်ပို ၁မိနစ် ထပ်ပေးထားပါတယ်။

၄၄ မိနစ်

အမေရိကန် - နယ်သာလန်ဂိုးဧရိယာထိပ်မှ တီမိုသီဝီယာရဲ့ ကန်ချက် ကောင်းမွန်ခဲ့ပေမဲ့ ဂိုးသမား နော့ပတ် ကာကွယ်လိုက်နိုင်ပါတယ်။

၄၁ မိနစ်

အမေရိကန် - ပူလီဆစ်ရဲ့ ပေးပို့မှုအားနည်းခဲ့တာကြောင့် အမေရိကန်အသင်း အခွင့်ရေးကောင်းနဲ့ လွဲချော်ခဲ့ပါတယ်။

၃၇ မိနစ်

နယ်သာလန် - ဒီပေးကို ဇင်မာမန်း လူချကစားတာကြောင့် ပြစ်ဒဏ်ဘောရရှိထားပါတယ်။

၃၄ မိနစ်

အမေရိကန် - အမေရိကန်အသင်းကပဲ တောက်လျှောက်ဘောလုံးကိုင်ကာ ကစားနေပါတယ်။

၃၁ မိနစ်

အမေရိကန် - ၂၀၁၅ ခုနှစ်မှာ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်တွင် နယ်သာလန်အသင်းကို အမေရိကန်အသင်းက ၃ဂိုး - ၄ဂိုးနဲ့ အနိုင်ကစားထားခဲ့ပါတယ်။

၂၇ မိနစ်

Image ထောင့်ကန်ဘော

နယ်သာလန် - ဒီပေး ပြိုင်ဘက်ကွင်းဘယ်ခြမ်းကနေ တောက်လျှောက်ဆွဲဝင်ကန်သွင်းဖို့ ကြိုစားခဲ့ပေမဲ့ ပြိုင်ဘက်နောက်တန်းက ရှင်းထုတ်လိုက်တာကြောင့် ထောင့်ကန်ဘောရရှိထားပါတယ်။

၂၄ မိနစ်

အမေရိကန် - ဒက်စ် နဲ့ မက်ကင်နီ ပြိုင်ဘက်ကွင်းညာခြမ်းမှာ တွဲဖက်ကစားထားပါတယ်။

၂၁ မိနစ်

အမေရိကန် - ဒမ်ဖရီး ပူလီဆစ်ကို တွန်းလှဲခဲ့ပေမဲ့ ပြစ်ဒဏ်ဘောသတ်မှတ်ပေးခြင်းမရှိတာဖြစ်ပါတယ်။

၁၇ မိနစ်

အမေရိကန် - အမေရိကန်အသင်းကတော့ အုပ်စုပွဲစဉ် (၃)မှာ အီရန်အသင်းကို အနိုင်ကစားပြီး အုပ်စုဒုတိယနေရာမှ ၁၆သင်းအဆင့်ကို တက်ရောက်လာနိုင်တာ ဖြစ်ပါတယ်။

၁၄ မိနစ်

နယ်သာလန် - ကမ္ဘာ့ဖလားမှာ မိနစ် ၉၀အတွင်း ၁၇ပွဲဆက် ရှုံးပွဲမရှိတဲ့ နည်းပြ ဗန်းဟားလ်ရဲ့ နယ်သာလန်အသင်း ဒီနေ့ အမေရိကန်အသင်းနဲ့ ပွဲမှာလည်း ဘယ်လိုရလဒ်မျိုး ထွက်ပေါ်အောင် စွမ်းဆောင်သွားမလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ချင်စရာ ဖြစ်နေပါတယ်။

၁၁ မိနစ်

အမေရိကန် - အမေရိကန်အသင်းကပဲ ကွင်းတစ်ဝက်တက်က ဖိအားပေးကစားထားပါတယ်။

၁၀ မိနစ်

Image ထောင့်ကန်ဘော

အမေရိကန် - အမေရိကန်အသင်းရရှိလာတဲ့ ထောင့်ကန်ဘောကို ပူလီဆစ် ကန်တန်ပေးခဲ့ပေမဲ့ ဂိုးလွန်ဘောဖြစ်သွားခဲ့ပါတယ်။

၉ မိနစ်

Image ဂိုး

နယ်သာလန် - ဂိုး ! နယ်သာလန်အသင်းအတွက် အဖွင့်ဂိုးကို တိုက်စစ်ကစားသမား ဒီပေးက သွင်းယူပေးခဲ့ပါတယ်။

၇ မိနစ်

နယ်သာလန် - နယ်သာလန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာ ၁၇ပွဲဆက် ရှုံးပွဲမရှိသေးတဲ့ အသင်းဖြစ်ပါတယ်။

၅ မိနစ်

နယ်သာလန် - ဒီဂျောင်နဲ့ ဒီပေးရဲ့အတွဲအဖက်မှတစ်ဆင့် တိုက်စစ်ဆင်ဖို့ ကြိုစားခဲ့ပေမဲ့ အမေရိကန်နောက်တန်းက ရှင်းထုတ်သွားပါတယ်။

၃ မိနစ်

နယ်သာလန် - နယ်သာလန်အသင်း စတင်ဘောလုံးကိုင်ကစာနိုင်ဖို့ ကြိုးစားနေပါတယ်။

၂ မိနစ်

အမေရိကန် - နယ်သာလန်ဂိုးဧရိယာထဲမှာ ပူလီဆစ် အပိုင်ကန်ခွင့်ရခဲ့ပေမဲ့ ဂိုးပေါက်လွဲချော်ခဲ့ပါတယ်။

၁ မိနစ်

ပွဲစတင်ကစားနေပါပြီ!