ရှေ့သို့

03 December, 1:30 AM

ကင်မရွန်း Logo

1 : 0

ဘရာဇီး Logo
ကင်မရွန်း

ပွဲပြီး

ဘရာဇီး
၉၆ မိနစ်

ပွဲအပြီးမှာ ကင်မရွန်းတို့ အနိုင်ရခဲ့ပေမယ့် တစ်ဖက်ကပွဲစဉ်မှာ ဆွစ်ဇာလန်အသင်းနိုင်သွားတာကြောင့် အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဘရာဇီးကတော့ ယနေ့ညပွဲမှာ ရှုံးခဲ့ပေမယ့် အုပ်စုပထမနေရာနဲ့ ၁၆သင်းအဆင့်ကို တက်သွားခဲ့ပါတယ်

၉၃ မိနစ်

ကင်မရွန်း - ဂိုးသွင်းပြီးနောက် အင်္ကျီချွတ်အောင်ပွဲခံခဲ့တဲ့ အဘူဘာကာ နှစ်ဝါတစ်နီနဲ့ အထုတ်ခံလိုက်ရပါတယ်

၉၂ မိနစ်

Image ဂိုး

ကင်မရွန်း - ၉၂မိနစ်မှာ ကင်မရွန်းတို့ ဦးဆောင်ဂိုးရခဲ့ပြီး ဘီကီလီရဲ့ဖြတ်တင်ဘောကနေ အဘူဘာကာက အပိုင်ခေါင်းတိုက်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်

၉၀ မိနစ်

ပွဲကစားချိန်မိနစ်၉၀ပြည့်လို့ နာကျင်အချိန်ပို ၉မိနစ်အထိ သတ်မှတ်ထားပါတယ်

၈၉ မိနစ်

ဘရာဇီး - ရာဖင်ဟာရဲ့ပေးပို့မှုကနေ ပက်ဒရို ကန်သွင်းရာမှာ ဂိုးပေါက်နဲ့ လွဲခဲ့ပါတယ်

၈၈ မိနစ်

Image လူလဲ

ကင်မရွန်း - ဂမ်မယ်လူ - အထွက် ဘီကီလီ- အဝင်

၈၆ မိနစ်

Image အဝါကတ်

ဘရာဇီး - တန်ပြန်တိုက်စစ်စဖို့ ကြိုးစားတဲ့ ဂမ်မယ်လူကို တားဆီးပုံကြမ်းခဲ့တဲ့ ဂူမာရေးစ် အဝါကတ်ပြခံလိုက်ရပါတယ်

၈၄ မိနစ်

ဘရာဇီး - ရာဖင်ဟာရဲ့ဖြတ်တင်ဘောကနေ ဂူမာရေးစ် ပိတ်သွင်းရာမှာ ဂိုးပေါက်နဲ့ ကပ်လွဲသွားပါတယ်

၈၁ မိနစ်

Image အဝါကတ်

ကင်မရွန်း - တန်ပြန်တိုက်စစ်စလာတဲ့ မာတင်နယ်လီကို နောက်ကနေဆွဲလှဲခဲ့တဲ့ အဘူဘာကာ အဝါကတ်ပြခံလိုက်ရပါတယ်

၇၈ မိနစ်

Image လူလဲ

ဘရာဇီး - အန်တိုနီ - အထွက် ရာဖင်ဟာ - အဝင်

၇၅ မိနစ်

ကင်မရွန်း - အီကမ်ဘီရဲ့ပေးပို့မှုကနေ နစ်ချမ်း အဝေးကန်ချက်နဲ့ ကန်သွင်းရာမှာ ဂိုးသမား အီဒါဆန် ဖမ်းမိခဲ့ပါတယ်

၇၃ မိနစ်

ဘရာဇီး - မာတင်နယ်လီရဲ့ပေးပို့မှုကနေ ဂူမာရေးစ် ကန်သွင်းရာမှာ အားများပြီးမိုးပေါ်ထောင်တက်သွားပါတယ်

၇၁ မိနစ်

ဘရာဇီး - ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလား နောက်ဆုံး ၆ပွဲမှာ ၅ပွဲကို ဂိုးမပေးရအောင် ကစားထားနိုင်ပါတယ်

၆၉ မိနစ်

ဘရာဇီး - ဘရာဇီးအသင်းကတော့ အဓိက ကစားသမားတွေကို အနားပေးထားပြီး အရန်လူအဖြစ်တောင်မသုံးမယ့်အခြေအနေရှိနေပါတယ်

၆၆ မိနစ်

Image လူလဲ

ကင်မရွန်း - ကွန်ဒီ - အထွက် နစ်ချမ်း - အဝင်

၆၄ မိနစ်

Image လူလဲ

ဘရာဇီး - ဂျီးဆပ်စ် - အထွက် ပက်ဒရို - အဝင်

၆၂ မိနစ်

Image လူလဲ

ကင်မရွန်း - အမ်ဘွေမို - အထွက် အီကမ်ဘီ - အဝင်

၆၀ မိနစ်

ဘရာဇီး - ကစားသမား၄ယောက်လောက်ကို ကျော်ဖြတ်ပြသွားတဲ့ အန်တိုနီရဲ့ စကေးကတော့ တော်တော်လေးကောင်းမွန်ခဲ့ပါတယ်

၅၈ မိနစ်

ဘရာဇီး - ဒီတစ်ကြိမ် အန်တိုနီရဲ့ ဝေ့ဝိုက်ကန်ချက်ကိုလည်း အီပက်စီ ကာကွယ်သွားနိုင်ခဲ့ပြန်ပါတယ်

၅၇ မိနစ်

ဘရာဇီး - ဒန်နီအဲဗက်စ်ရဲ့ ဖြတ်တင်ဘောကနေ ဘရီမာ ကန်သွင်းခဲ့ရာမှာလည်း ဂိုးသမား အီပက်စီပဲ ကာကွယ်သွားပါတယ်

၅၆ မိနစ်

ဘရာဇီး - တန်ပြန်တိုက်စစ်ကနေ မာတင်နယ်လိ အခွင့်အရေးရပြီး ကန်သွင်းခဲ့ရာမှာ ဂိုးသမား အီပက်စီ လက်စွမ်းပြကာကွယ်သွားပြန်ပါတယ်

၅၅ မိနစ်

Image လူလဲ

ဘရာဇီး - ရိုဒရီဂို - အထွက် ရီဘီရို - အဝင်

၅၄ မိနစ်

Image လူလဲ

ဘရာဇီး - ဖရက် - အထွက် ဂူမာရေးစ် - အဝင်

၅၃ မိနစ်

Image လူလဲ

ဘရာဇီး - အဲလက်စ်တဲလက်စ် - အထွက် မာကွင်ဟိုစ် - အဝင်

၅၂ မိနစ်

ကင်မရွန်း - တိုလို အဝေးကန်ချက်နဲ့ ကန်သွင်းခဲ့ရာမှာ ဂိုးပေါက်နဲ့ တော်တော်လေး လွဲခဲ့ပါတယ်

၅၀ မိနစ်

ကင်မရွန်း - အမ်ဘွေမိုရဲ့ပေးပို့မှုကနေ အဘူဘာကာ ကန်သွင်းခဲ့ရာမှာ ဂိုးပေါက်နဲ့ကပ်လွဲသွားပါတယ်

၄၇ မိနစ်

ဘရာဇီး - အဲလက်စ်တဲလက်စ် ဘောလုံးဖျက်ထုတ်ရင်း ဒဏ်ရာရသွားလို့ပွဲကိုခေတ္တရပ်နားထားပါတယ်

၄၆ မိနစ်

ဒုတိယပိုင်းပြန်ကစားနေပါပြီ

၄၅ မိနစ်

ပထမပိုင်းအပြီးမှာတော့ ဂိုးမရှိသရေသာ ဖြစ်နေပါတယ်

၄၂ မိနစ်

ကင်မရွန်း - အမ်ဘွေမို တောင်ပံကနေ အဘူဘာကာထံ ဖြတ်တင်ဘောပေးခဲ့ပေမယ့် ဘရီမာ ခံစစ်ကနေ ခေါင်းတိုက်ရှင်းထုတ်သွားပါတယ်

၄၀ မိနစ်

၂သင်းစလုံးအပြန်အလှန်ထိုးဖောက်နေကြပေမယ့် ဦးဆောင်ဂိုးတော့ မြင်တွေ့ရခြင်းမရှိသေးပါဘူး

၃၈ မိနစ်

ဘရာဇီး - တောင်ပံမှာ အန်တိုနီ အခွင့်အရေးရခဲ့ရာမှာ ဝေ့ဝိုက်ကန်သွင်းခဲ့ပေမယ့် ဂိုးသမား အီပက်စီ ဖမ်းမိခဲ့ပါတယ်

၃၅ မိနစ်

ဘရာဇီး - ဘရာဇီးအသင်းဟာ ၂၀၂၂ကမ္ဘာ့ဖလားအတွင်း ပြိုင်ဘက်အသင်းရဲ့ ဂိုးပေါက်တည့်ကန်ချက်ကို တစ်ကြိမ်မှခွင့်ပြုရခြင်းမရှိသေးပါဘူး

၃၃ မိနစ်

Image အဝါကတ်

ကင်မရွန်း - ရိုဒရီဂိုအား ကစားပုံကြမ်းခဲ့တဲ့ ဖိုင် အဝါကတ်ပြခံလိုက်ရပါတယ်

၃၁ မိနစ်

ကင်မရွန်း - ဆားဘီယားအသင်းက ဆွစ်ဇာလန်ကို ချေပဂိုးပြန်သွင်းလိုက်တာကြောင့် ကင်မရွန်းရဲ့ မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာပါတယ်

၂၉ မိနစ်

Image အဝါကတ်

ဘရာဇီး - ရိုဒရီဂို ကင်မရွန်းခံစစ်ကို တောက်လျောက်ကျော်ဖြတ်ဖို့ ကြိုးစားရာမှာ ကစားပုံကြမ်းခဲ့တဲ့ ကွန်ဒီ အဝါကတ်ပြခံလိုက်ရပါတယ်

၂၇ မိနစ်

ကင်မရွန်း - ကင်မရွန်းအသင်းကတော့ ဘရာဇီးကို ဦးဆောင်ဂိုးသွင်းနိုင်ဖို့ ရရင်ရသလို ထိုးဖောက်လျက် ရှိနေပါတယ်

၂၅ မိနစ်

ဘရာဇီး - မာတင်နယ်လီရဲ့ပေးပို့မှုကနေ ဂျီးဆပ်စ်ကန်သွင်းဖို့ကြိုးစားရမှာ ဂိုးသမား အီပက်စီ ကာကွယ်သွားခဲ့ပါတယ်

၂၃ မိနစ်

ကင်မရွန်း - တစ်ဖက်ပွဲစဉ်မှာ ဆွစ်ဇာလန်အသင်း ဦးဆောင်ဂိုးသွင်းသွားတာကြောင့် ကင်မရွန်းအသင်းရဲ့ အုပ်စုတက်ရေးမျှော်လင့်ချက်က မှေးမှိန်လာခဲ့ပြီ ဖြစ်ပါတယ်

၂၀ မိနစ်

ကင်မရွန်း - တိုလို တောင်ပံကနေ ဆွဲတက်ပြီး ဖြတ်တင်ဘောပေးရာမှာ ဂိုးသမား အီဒါဆန် ပုတ်ထုတ်ကာကွယ်လိုက်ရပါတယ်

၁၇ မိနစ်

ကင်မရွန်း - ချူပိုမိုတင်း ဘရာဇီးခံစစ်ကို ထိုးဖောက်ဖို့ကြိုးစားရာမှာ ဘောလုံးပျက်သွားပြီး မအောင်မြင်ခဲ့ပါဘူး

၁၅ မိနစ်

ဘရာဇီး - တောင်ပံဖြတ်တင်ဘောကနေ မာတင်နယ်လီ အပိုင်ခေါင်းတိုက်သွင်းရာမှာ ဂိုးသမားအီပက်စီ ပုတ်ထုတ်ကာကွယ်သွားပါတယ်

၁၃ မိနစ်

ဘရာဇီး - အန်တိုနီရဲ့ ဖြတ်တင်ဘောကနေ ဖာဘင်ဟို ခေါင်းတိုက်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ဝူး ခေါင်းတိုက်ရှင်းထုတ်သွားပါတယ်

၁၁ မိနစ်

ကင်မရွန်း - ကင်မရွန်းအသင်းဟာ ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲစဉ်၇ပွဲစလုံးကို နိုင်ပွဲပျောက်ခဲ့ပါတယ်

၈ မိနစ်

Image အဝါကတ်

ဘရာဇီး - လူပေးပုံအမှားကနေ ဆွဲပြေးလာတဲ့ ဂမ်မယ်လူကို ကစားပုံကြမ်းခဲ့တဲ့ မီလီတာအို အဝါကတ်ပြခံလိုက်ရပါတယ်

၆ မိနစ်

Image အဝါကတ်

ကင်မရွန်း - ညာတောင်ပံမှာ အန်တိုနီ အခွင့်အရေးရခဲ့ရာမှာ လူချကစားပုံကြမ်းခဲ့တဲ့ တိုလို အဝါကတ်ပြခံလိုက်ရပါတယ်

၅ မိနစ်

ဘရာဇီး - အန်တိုနီ တောင်ပံမှာ အခွင့်အရေးရပြီး ဖြတ်တင်ဘောပေးရာမှာ ဖရက် ပိတ်သွင်းပေမယ့် ကင်မရွန်းခံစစ်နဲ့ထိပြီး ထွက်သွားပါတယ်

၃ မိနစ်

ဘရာဇီး - ဘရာဇီးအသင်းဟာ ပြီးခဲ့တဲ့ပွဲက လူစာရင်းကို ၉ဦးအထိ အပြောင်းအလဲလုပ်လာပေမယ့် ကမ္ဘာ့အဆင့်ကစားသမားတွေပဲ လူစာရင်းမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်

၂ မိနစ်

ကင်မရွန်း - ကင်မရွန်းအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ တိုက်စစ်အားသန်ကစားကွက်ကို အသုံးပြုလာခဲ့သလို တိုက်စစ်ကစားသမားအားလုံလည်း လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်

၁ မိနစ်

ပြိုင်ပွဲစတင်ကစားနေပါပြီ