ရှေ့သို့

01 June, 1:30 AM

ဆီဗီလာ Logo

1 : 1

ရိုးမား Logo
ဆီဗီလာ

ပွဲပြီး

ရိုးမား
၁၂၈ မိနစ်

ပယ်နယ်တီအဆုံးအဖြတ်ခံယူချိန်မှာ ဆီဗီလာက ရိုးမားကို ၄-၁ ဂိုးနဲ့အနိုင်ယူကာ ယူရိုပါလိဂ်ဆုဖလားကို သိမ်းပိုက်ခဲ့ပါတယ်။

၁၂၇ မိနစ်

Image ဂိုး

ဆီဗီလာ - မွန်တီရယ်လ်ရဲ့ပယ်နယ်တီကန်သွင်းမှု ဂိုးဝင်သွားခဲ့ပါတယ်။

၁၂၆ မိနစ်

ရိုးမား - အိုင်ဗန်နက်ဇ်ရဲ့ပယ်နယ်တီကန်သွင်းမှု တိုင်ထိထွက်ကာ ဂိုးမဝင်ခဲ့ပါဘူး။

၁၂၅ မိနစ်

Image ဂိုး

ဆီဗီလာ - ရာကီတစ်ရဲ့ပယ်နယ်တီကန်သွင်းမှု ဂိုးဝင်ခဲ့ပါတယ်။

၁၂၄ မိနစ်

ရိုးမား - မန်စီနီရဲ့ပယ်နယ်တီကန်သွင်းမှုကို ဂိုးသမားဘိုနူ ကာကွယ်နိုင်ခဲ့ပါတယ်။

၁၂၃ မိနစ်

Image ဂိုး

ဆီဗီလာ - လာမယ်လာရဲ့ ပယ်နယ်တီကန်သွင်းမှု ဂိုးဝင်ခဲ့ပါတယ်။

၁၂၂ မိနစ်

Image ဂိုး

ရိုးမား - ခရစ္စတန်တီရဲ့ပယ်နယ်တီကန်သွင်းမှု ဂိုးဝင်ခဲ့ပါတယ်။

၁၂၁ မိနစ်

Image ဂိုး

ဆီဗီလာ - အိုကမ်ပိုရဲ့ပယ်နယ်တီကန်သွင်းမှု ဂိုးဝင်ခဲ့ပါတယ်။

၁၂၀+၁၀ မိနစ်

အချိန်ပိုပွဲကစားချိန် ပြီးဆုံးသွားပါပြီ။ ဆီဗီလာနဲ့ ရိုးမားတို့ တစ်ဖက်တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်နေတာကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူရပါမယ်။

၁၂၀+၈ မိနစ်

ဆီဗီလာ - ဘိုဗီအပေါ် ကစားပုံကြမ်းတမ်းခဲ့တဲ့ အိုကမ်ပိုကို ကွင်းလယ်ဒိုင်က အဝါကတ်ပြသခဲ့ပါတယ်။

၁၂၀+၇ မိနစ်

Image လူလဲ

ဆီဗီလာ - မကာအို၊ ဂျော်ဒန် (အဝင်)၊ ဂူဒယ်လ်၊ ဖာနန်ဒို (အထွက်)

၁၂၀+၅ မိနစ်

ဂူဒယ်လ်နဲ့အိုင်ဘန်နက်ဇ်တို့ ဘောလုံးယှဉ်လုရင်းထိခိုက်မိတာကြောင့် ဒဏ်ရာအနည်းငယ်ရနေလို့ ဆေးကုသမှုခံယူနေပါတယ်။

၁၂၀+၃ မိနစ်

ရိုးမား - အယ်လ်ရှာရာဝီရဲ့ဖြတ်တင်ဘောပေးပို့မှု ကောင်းမွန်ခဲ့ပေမယ့် ဖာနန်ဒို အချိန်မီရှင်းထုတ်ခဲ့ပါတယ်။

၁၂၀+၂ မိနစ်

ဆီဗီလာ - မွန်တီရယ်လ်ရဲ့ညာခြမ်းဖြတ်တင်ဘောကို အန်နက်စရီခေါင်းတိုက်အဆုံးသတ်ခဲ့ပေမယ့် ဂိုးသမားပက်ထရီစီယို အသာအယာပဲ ဖမ်းယူသွားခဲ့ပါတယ်။

၁၂၀ မိနစ်

နာကျင်အချိန်ပို ၆ မိနစ်သတ်မှတ်ပေးထားပါတယ်။

၁၁၉ မိနစ်

Image လူလဲ

ရိုးမား - ဘိုဗီ(အဝင်)၊ မာတစ်(အထွက်)

၁၁၈ မိနစ်

ရိုးမား - ဇာလင်စကီးအပေါ် ရီကစ်ကစားပုံအနည်းငယ်ကြမ်းတမ်းခဲ့တာကြောင့် ရိုးမားတို့ ပြစ်ဒဏ်ဘောကန်ခွင့် ရရှိခဲ့ပါတယ်။

၁၁၆ မိနစ်

ရိုးမားကွင်းလယ်လူ မာတစ် ဒဏ်ရာအနည်းငယ်ရနေလို့ ပွဲကိုခေတ္တရပ်နားကာ ဆေးကုသမှုခံယူနေပါတယ်။

၁၁၄ မိနစ်

ရိုးမား - ဘယ်လော့တီရဲ့ ထိုးဖောက်မှုကို ဂူဒယ်လ်တားဆီးခဲ့ရာ ရိုးမားတို့ လက်ပစ်ဘောရရှိခဲ့ပါတယ်။

၁၁၂ မိနစ်

ရိုးမား - ဇီလင်စကီးရဲ့ထောင့်ကန်ဘောပေးပို့မှုကောင်းမွန်ခဲ့ပေမယ့် ဂူဒယ်လ်ခေါင်းတိုက်ရှင်းထုတ်ခဲ့ပါတယ်။

၁၁၀ မိနစ်

လာမယ်လာရဲ့တိုက်စစ်ဆင်မှုကိုတားဆီးရင်း အိုင်ဘန်နက်ဇ် ဒဏ်ရာအနည်းငယ်ရသွားခဲ့လို့ ပွဲကိုခေတ္တရပ်နားကာ ဆေးကုသမှုခံယူနေပါတယ်။

၁၀၉ မိနစ်

Image အဝါကတ်

ဆီဗီလာ - အိုင်ဘန်နက်ဇ်အပေါ် ကစားပုံကြမ်းတမ်းခဲ့တဲ့ လာမယ်လာကို ကွင်းလယ်ဒိုင်က အဝါကတ်ပြသခဲ့ပါတယ်။

၁၀၇ မိနစ်

ရိုးမား - ဇာလင်စကီးရဲ့တိုက်စစ်တိုက်ရိုက်ပေးပို့မှုက ဂိုးလွန်ဘောနဲ့သာအဆုံးသတ်ခဲ့ရပါတယ်။

၁၀၆ မိနစ်

အချိန်ပိုဒုတိယပိုင်းပြန်လည်စတင်ပါပြီ။

၁၀၆ မိနစ်

Image လူလဲ

ရိုးမား - အယ်လ်ရှာရာဝီ၊ လော်ရန်တေ(အဝင်)၊ စပင်နက်ဇိုလာ၊ ပယ်လီဂရီနီ(အထွက်)

၁၀၅ မိနစ်

အချိန်ပိုပထမပိုင်း ပြီးဆုံးသွားပါပြီ။ ဆီဗီလာနဲ့ ရိုးမားတို့ တစ်ဖက်တစ်ဂိုးစီသရေကျနေပါတယ်။

၁၀၄ မိနစ်

Image အဝါကတ်

ရိုးမား - ရီကစ်အပေါ် ကစားပုံကြမ်းတမ်းခဲ့တဲ့ ဇာလင်စကီးကို ကွင်းလယ်ဒိုင်က အဝါကတ်ပြသခဲ့ပါတယ်။

၁၀၃ မိနစ်

ဆီဗီလာ - အိုကမ်ပိုရဲ့ ညာခြမ်းဖြတ်တင်ဘောပေးပို့မှု အတော်လေးများသွားခဲ့လို့ ဘောလုံးက ဘေးစည်းကျော်သွားခဲ့ပါတယ်။

၁၀၁ မိနစ်

ရိုးမား - စပင်နက်ဇိုလာက ပယ်လီဂရီနီဆီ ဘောလုံးပေးပို့ဖို့ ကြိုးစားပေမယ့် ဆီဗီလာနောက်ခံလူ ဘာဒီကြားဖြတ်တားဆီးခဲ့ပါတယ်။

၉၉ မိနစ်

ဆီဗီလာ - မွန်တီရယ်လ်အပေါ် စပင်နက်ဇိုလာ ကစားပုံကြမ်းတမ်းခဲ့လို့ ဆီဗီလာတို့ ပြစ်ဒဏ်ဘောကန်ခွင့်ရရှိခဲ့ပါတယ်။

၉၇ မိနစ်

ဆီဗီလာ - ဆူဆိုရဲ့ပေးပို့မှု ကောင်းမွန်ခဲ့ပေမယ့် စမောလင်းခေါင်းတိုက်ရှင်းထုတ်ခဲ့ပါတယ်။

၉၅ မိနစ်

Image လူလဲ

ဆီဗီလာ - မွန်တီရယ်လ်၊ ရီကစ် (အဝင်)၊ တဲလက်စ်၊နာဗက်စ်(အထွက်)

၉၃ မိနစ်

တဲလက်စ်ဒဏ်ရာအနည်းငယ်ရနေလို့ ပွဲကိုခေတ္တရပ်နားကာ ဆေးကုသမှုခံယူနေပါတယ်။

၉၁ မိနစ်

အချိန်ပို ပထမပိုင်းပြန်လည်စတင်ပါပြီ။

၉၁ မိနစ်

Image လူလဲ

ရိုးမား - ဇာလင်စကီး(အဝင်)၊ စီလစ်ခ်(အထွက်)

၉၀+၆ မိနစ်

သာမန်ပွဲကစားချိန်ပြီးဆုံးသွားပါပြီ။ ဆီဗီလာနဲ့ ရိုးမားတို့ တစ်ဖက်တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်နေလို့ အချိန်ပို ဆက်လက်ကစားရပါမယ်။

၉၀+၄ မိနစ်

ဆီဗီလာ - ဆူဆိုရဲ့အဝေးကန်ချက်အတော်လေးကောင်းမွန်ပေမယ့် ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့ပါတယ်။

၉၀+၂ မိနစ်

ဆီဗီလာ - အိုကမ်ပိုရဲ့ပေးပို့မှုကို အန်နက်စရီ ခေါင်းတိုက်အဆုံးသတ်ဖို့ ကြိုးစားပေမယ့် ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့ပါတယ်။

၉၀ မိနစ်

နာကျင်အချိန်ပို ၆ မိနစ်သတ်မှတ်ထားပါတယ်။

၈၈ မိနစ်

ဆီဗီလာ - အိုကမ်ပိုရဲ့ထိုးဖောက်မှုကို စပင်နက်ဇိုလာ အကောင်းဆုံးထိန်းချုပ်ကာ ဂိုးလွန်ဘောရယူခဲ့ပါတယ်။

၈၆ မိနစ်

ရိုးမား - ပယ်လီဂရီနီရဲ့ထိုးဖောက်ဖို့ကြိုးစားမှုဟာ လူကျွံဘောနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။

၈၄ မိနစ်

Image ထောင့်ကန်ဘော

ဆီဗီလာ - ဆူဆိုရဲ့အဝေးကန်ချက်ကို မန်စီနီခေါင်းတိုက်ရှင်းထုတ်ခဲ့လို့ ထောင့်ကန်ဘောနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။

၈၂ မိနစ်

ရိုးမား - ပယ်လီဂရီနီရဲ့ပြစ်ဒဏ်ဘောပေးပို့မှုကို ဘယ်လော့တီကန်သွင်းယူဖို့ ကြိုးစားပေမယ့် ဂိုးပေါက်နဲ့ အနည်းငယ်လေးလွဲချော်သွားခဲ့ပါတယ်။

၈၀ မိနစ်

ရိုးမား - ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်အပေါ် အပြင်းအထန်စောဒကတက်ခဲ့တဲ့ ရိုးမားနည်းပြအဖွဲ့ဝင်တစ်ဦးကို ကွင်းလယ်ဒိုင်က အဝါကတ်ပြသခဲ့ပါတယ်။

၇၈ မိနစ်

ရိုးမား - မန်စီနီအပေါ် လာမယ်လာကစားပုံကြမ်းတမ်းခဲ့လို့ ရိုးမားတို့ ပြစ်ဒဏ်ဘောကန်ခွင့် ရရှိခဲ့ပါတယ်။

၇၆ မိနစ်

ဆီဗီလာ - အိုကမ်ပိုကိုတားဆီးရာမှာ အိုင်ဘန်နက်ဇ် ကစားပုံအနည်းငယ်ကြမ်းတမ်းခဲ့ပေမယ့် ကွင်းလယ်ဒိုင်က VAR အကူအညီရယူကာ ဆီဗီလာကို ပယ်နယ်တီမပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

၇၄ မိနစ်

Image လူလဲ

ရိုးမား - ဘယ်လော့တီ(အဝင်)၊ အေဗရာဟမ်(အထွက်)

၇၃ မိနစ်

ရိုးမား - လာမယ်လာအပေါ် ကစားပုံကြမ်းတမ်းခဲ့တဲ့ စီလစ်ခ်ကို ကွင်းလယ်ဒိုင်က အဝါကတ်ပြသခဲ့ပါတယ်။

၇၂ မိနစ်

ရိုးမား - ရာကီတစ်ရဲ့ပြစ်ဒဏ်ဘောပေးပို့မှုကို အဆုံးသတ်ဖို့ကြိုးစားတဲ့ အိုကမ်ပို ဘောလုံးကို လက်နဲ့ထိခဲ့တာကြောင့် ရိုးမားတို့ ပြစ်ဒဏ်ဘောကန်ခွင့်ရရှိခဲ့ပါတယ်။

၇၀ မိနစ်

Image ထောင့်ကန်ဘော

ဆီဗီလာ - ရိုးမားဂိုးဧရိယာထဲမှ လျှံထွက်လာတဲ့ဘောလုံးကို တဲလက်စ်အပိုင်ကန်သွင်းယူဖို့ ကြိုးစားပေမယ့် စီလစ်ခ်ပိတ်ဆို့ကာကွယ်ခဲ့လို့ ထောင့်ကန်ဘောနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။

၆၉ မိနစ်

ရိုးမား - မာတစ်ကို ဖာနန်ဒိုဆွဲလှဲသလိုဖြစ်ခဲ့တာကြောင့် ရိုးမားတို့ ပြစ်ဒဏ်ဘောကန်ခွင့် ရရှိခဲ့ပါတယ်။

၆၇ မိနစ်

Image လူလဲ

ရိုးမား - ဝိုင်နယ်ဒန်(အဝင်)၊ ဒိုင်ဘားလား(အထွက်)

၆၅ မိနစ်

Image အဝါကတ်

ရိုးမား - ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်အပေါ် အကြီးအကျယ်စောဒကတက်ခဲ့တဲ့ ခရစ္စတန်တီကို ကွင်းလယ်ဒိုင်က အဝါကတ်ပြသခဲ့ပါတယ်။

၆၄ မိနစ်

Image အဝါကတ်

ဆီဗီလာ - စီလစ်ခ်အပေါ် ရာကီတစ်ကစားပုံကြမ်းတမ်းခဲ့လို့ ကွင်းလယ်ဒိုင်က ရာကီတစ်ကို အဝါကတ်ပြသခဲ့ပါတယ်။

၆၁ မိနစ်

ရိုးမား - ဒိုင်ဘားလားရဲ့ဖြတ်တင်ဘောပေးပို့မှုကို စမောလင်းခေါင်းတိုက်သွင်းယူဖို့ ကြိုးစားပေမယ့် ဂိုးသမားဘိုနူ အမိအရဖမ်းယူခဲ့ပါတယ်။

၅၉ မိနစ်

ရိုးမား - မာတစ်အပေါ် အိုကမ်ပိုစ်ကစားပုံကြမ်းတမ်းခဲ့လို့ ရိုးမားတို့ ပြစ်ဒဏ်ဘောကန်ခွင့် ရရှိခဲ့ပါတယ်။

၅၇ မိနစ်

ဆီဗီလာ - တဲလက်စ်အပေါ် စီလစ်ခ်ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် ဆီဗီလာတို့ပြစ်ဒဏ်ဘောကန်ခွင့်ရရှိခဲ့ပါတယ်။

၅၅ မိနစ်

ဆီဗီလာ - နာဗက်စ်ရဲ့ ညာခြမ်းဖြတ်တင်ဘောကို တားဆီးရာမှတဆင့် မန်စီနီ ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့လို့ ဆီဗီလာတို့ ချေပဂိုးရရှိခဲ့ပါတယ်။

၅၂ မိနစ်

ဆီဗီလာ - အိုကမ်ပိုစ်အပေါ် စပင်နက်ဇိုလာ ကစားပုံကြမ်းတမ်းခဲ့လို့ ဆီဗီလာတို့ ပြစ်ဒဏ်ဘောကန်ခွင့် ရရှိခဲ့ပါတယ်။

၅၁ မိနစ်

ဆီဗီလာ - လာမယ်လာရဲ့ဖန်တီးပေးမှုမှတဆင့် တဲလက်စ် ပိတ်သွင်းယူဖို့ ကြိုးစားပေမယ့် ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့ပါတယ်။

၄၈ မိနစ်

Image အဝါကတ်

ရိုးမား - လာမယ်လာအပေါ် ကစားပုံကြမ်းတမ်းခဲ့တဲ့ အိုင်လင်နက်ဇ်ကို ကွင်းလယ်ဒိုင်က အဝါကတ်ပြသခဲ့ပါတယ်။

၄၆ မိနစ်

ဒုတိယပိုင်းပွဲချိန် ပြန်လည်စတင်ပါပြီ။

၄၆ မိနစ်

Image လူလဲ

ဆီဗီလာ - ဆူဆို၊ လာမယ်လာ (အဝင်)၊ အိုလီဗာတောရက်စ်၊ ဘရိုင်ယန်ဂီးလ် (အထွက်)

၄၅ မိနစ်

ပထမပိုင်းပွဲချိန်ကုန်ဆုံးသွားပါပြီ။ ရိုးမားက ဆီဗီလာကို ၁-၀ ဂိုးနဲ့ ဦးဆောင်ထားပါတယ်။

၄၄ မိနစ်

Image အဝါကတ်

ရိုးမား - ပြိုင်ဘက်ဂိုးဧရိယာအတွင်း ဟန်ဆောင်ဒိုင်ဗင်လှဲချခဲ့တာကြောင့် ပယ်လီဂရီနီကို ကွင်းလယ်ဒိုင်က အဝါကတ်ပြသခဲ့ပါတယ်။

၄၀ မိနစ်

ရိုးမား - ဒိုင်ဘာလာအပေါ် ရာကီတစ်ကစားပုံကြမ်းတမ်းခဲ့တာကြောင့် ရိုးမားတို့ ပြစ်ဒဏ်ဘောကန်ခွင့် ရရှိခဲ့ပါတယ်။

၃၈ မိနစ်

ဆီဗီလာ - တဲလက်စ်ရဲ့ပေးပို့မှုမှတဆင့် အန်နက်စရီ ခေါင်းတိုက်အဆုံးသတ်ခဲ့ရာ ဂိုးသမားပက်ထရီစီယို နေရာယူမှန်မှန်နဲ့ အမိအရဖမ်းယူခဲ့ပါတယ်။

၃၆ မိနစ်

Image အဝါကတ်

ဆီဗီလာ - ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အပေါ် အပြင်းအထန်ကန့်ကွက်ခဲ့တဲ့ ဆီဗီလာအရန်လူ ရာဖာမီယာကို ကွင်းလယ်ဒိုင်က အဝါကတ်ပြသခဲ့ပါတယ်။

၃၄ မိနစ်

Image ဂိုး

ရိုးမား - မန်စီနီရဲ့ အကွက်မြင်မြင်ဖန်တီးပေးမှုကို ဒိုင်ဘာလားက အပိုင်ကန်သွင်းကာ ရိုးမားအတွက် ဦးဆောင်ဂိုးရယူခဲ့ပါတယ်။

၃၀ မိနစ်

ဆီဗီလာဂိုးဧရိယာအတွင်း တဲလက်စ်ရဲ့ဖျက်ထုတ်မှုကြောင့် အေဗရာဟမ် ဒဏ်ရာအနည်းငယ်ရသွားလို့ ပွဲကိုခေတ္တရပ်နားထားပါတယ်။

၂၈ မိနစ်

ဆီဗီလာ - နာဗက်စ်ရဲ့ဖြတ်တင်ဘောပေးပို့မှုကို အိုင်ဘင်နက်ဇ် ဖျက်ထုတ်နိုင်ခဲ့ပါတယ်။

၂၆ မိနစ်

ရိုးမား - စီလစ်အပေါ် တဲလက်စ်ကစားပုံအနည်းငယ်ကြမ်းတမ်းခဲ့တာကြောင့် ရိုးမားတို့ ပြစ်ဒဏ်ဘောကန်ခွင့်ရရှိခဲ့ပါတယ်။

၂၄ မိနစ်

ဆီဗီလာ - ရိုမားဂိုးဧရိယာအတွင်းမှလျှံထွက်လာတဲ့ဘောလုံးကို ဖာနန်ဒို အဝေးကန်ချက်နဲ့ အဆုံးသတ်ဖို့ ကြိုးစားပေမယ့် ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့ပါတယ်။

၂၂ မိနစ်

Image အဝါကတ်

ရိုးမား - အိုကမ်ပိုစ်အပေါ် ကစားပုံကြမ်းတမ်းခဲ့တဲ့ မာတစ်ကို ကွင်းလယ်ဒိုင်က အဝါကတ်ပြသခဲ့ပါတယ်။

၂၀ မိနစ်

ရိုးမား - ဒိုင်ဘာလားက အေဗရာဟမ်ဆီ ဘောလုံးပေးပို့ဖို့ ကြိုးစားပေမယ့် ဂိုးလွန်ဘောနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။

၁၈ မိနစ်

ဆီဗီလာ - တိုက်စစ်တိုက်ရိုက်ပေးးပို့မှုမှတဆင့် အိုကမ်ပိုစ်က အန်နက်စရီဆီ ခေါင်းတိုက်ချပေးဖို့ ကြိုးစားပေမယ့် ရိုးမားခံစစ်ကြောင်းက အချိန်မီတားဆီးထိန်းချုပ်ခဲ့ပါတယ်။

၁၆ မိနစ်

ရိုးမား - စီလစ်ခ်အပေါ် တဲလက်စ် ကစားပုံအနည်းငယ်ကြမ်းတမ်းခဲ့တာကြောင့် ရိုးမားတို့ ပြစ်ဒဏ်ဘောကန်ခွင့် ရရှိခဲ့ပါတယ်။

၁၄ မိနစ်

ရိုးမား - ဆီဗီလာရဲ့ တိုက်စစ်တိုက်ရိုက်ပေးပို့မှုကို စမောလင်းက အသာအယာပဲထိန်းချုပ်ကာ ဘောလုံးပိုင်ဆိုင်မှု ရယူခဲ့ပါတယ်။

၁၂ မိနစ်

ရိုးမား - စီလစ်ခ်ရဲ့ ညာခြမ်းပေးပို့မှုကို စပင်နက်ဇိုလာ ဂိုးဧရိယာအတွင်း အပိုင်ကန်သွင်းခဲ့ရာ ဂိုးသမားဘိုနူ လက်စွမ်းပြပုတ်ထုတ်ကာကွယ်ခဲ့ပါတယ်။

၁၀ မိနစ်

ရိုးမား - တန်ပြန်တိုက်စစ်စတင်ဖို့ စီလစ်ခ်ရဲ့ကြိုးပမ်းမှုကို တဲလက်စ်တားဆီးခဲ့ရာ လက်ပစ်ဘောဖြစ်ခဲ့ရပါတယ်။

၈ မိနစ်

Image ထောင့်ကန်ဘော

ဆီဗီလာ - ဖာနန်ဒိုရဲ့ထိုးဖောက်မှုကို စမောလင်းပိတ်ဆို့ကာကွယ်ခဲ့လို့ ဆီဗီလာတို့ ထောင့်ကန်ဘောကန်ခွင့် ရရှိခဲ့ပါတယ်။

၅ မိနစ်

ဆီဗီလာ - အိုလီဗာတောရက်စ်ရဲ့ထိုးဖောက်မှုကို မာတစ်ပါးပါးနပ်နပ်နဲ့ရှင်းထုတ်ခဲ့လို့ ဂိုးလွန်ဘောဖြစ်သွားခဲ့ပါတယ်။

၃ မိနစ်

အိုင်ဘန်နက်ဇ်နဲ့ ဂူဒယ်လ်တို့ ဘောလုံးကို ခေါင်းခုန်တိုက်ရာမှ ထိခိုက်မိခဲ့တာကြောင့် ဒဏ်ရာအနည်းငယ်ရသွားခဲ့လို့ ဆေးကုသမှုခံယူနေပါတယ်။ ပွဲကိုလည်း ခေတ္တရပ်နားထားပါတယ်။

၁ မိနစ်

ရိုးမား - ပက်ထရီစီယို(ဂိုး)၊ အိုင်ဗန်နက်ဇ်၊ မန်စီနီ၊ စမောလင်း၊ စပင်နက်ဇိုလာ၊ မာတစ်၊ ခရစ္စတန်တီ၊ စီလစ်ခ်၊ ပယ်လီဂရီနီ၊ ဒိုင်ဘာလား၊ အေဗရာဟမ်။

၁ မိနစ်

ဆီဗီလာ - ဘိုနူ(ဂိုး)၊ တဲလက်စ်၊ ဂူဒယ်လ်၊ ဘာဒီ၊ နာဗက်စ်၊ ရာကီတစ်၊ ဖာနန်ဒို၊ ဘရိုင်ယန်ဂီးလ်၊ အိုလီဗာတောရက်စ်၊ အိုကမ်ပိုစ်၊ အန်နက်စရီ။

၁ မိနစ်

ပွဲစတင်ပါပြီ။