The network connection is lost.

Banner Image

အိမ်ကွင်းမှာ ရှုးပွဲကြုံခဲ့ပြန်တဲ့ ယူနိုက်တက်

ယူနိုက်တက် ၀-၁ ဝုဗ်(ပွဲပြီးရလဒ်) 

ဆာရာဘီရာ(၇၇')

ပထမပိုင်းမှာ ဝုဗ်ရဲ့နောက်တန်းကို ထိုးဖောက်ဖိုရုန်းကန်ခဲ့ရတဲ့ ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာ မေဆင်မောင့်နဲ့ ဖာနန်ဒက်စ်ကိုထည့်သွင်းပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် သွင်းဂိုးမရရှိခဲ့ပဲ အနိုင်ဂိုးသာပြန်လည်ခွင့်ပြုခဲ့ရပါတယ်။ ယခုပွဲစဉ်မှာ ယူနိုက်တက်ရဲ့ လူငယ်ကစားသမား‌လေးတွေဖြစ်တဲ့ အားမက်စ်နဲ့ ဖရက်ဒရစ်ဆန်တို ပုံစံကောင်းပြသနိုင်ခဲ့ကြပါတယ်။ ဂါနာချိုရဲ့ ပေးပိုမှုတွေက ဒီနေ့မှာ အလုပ်ဖြစ်ခဲ့ပေမယ့် ဖာနန်ဒက်စ်နဲ့ မေဆင်မောင့်တိုဖြုန်းတီးခဲ့လို သွင်းဂိုးနဲ့ဝေးကွာခဲ့တာဖြစ်ပါတယ်။ ဝုဗ်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ပွဲကစားချိန် ၇၇ မိနစ်မှာ ဆာရာဘီရာ ဖရီးကစ်မှတစ်ဆင့် တိုက်ရိုက်ကန်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ယခုရှုးပွဲကြောင့် ယူနိုက်တက်ဟာ အဆင့် ၁၅ နေရာသို ဆက်လက်ကျဆင်းသွားဖို အလားအလာများလာခဲ့ပါတယ်။