The network connection is lost.

Banner Image

ချန်ပီယံဖြစ်ဖို့ သုံးမှတ်သာလိုအပ်တော့တဲ့ လီဗာပူး

လက်စတာ ဝ-၁ လီဗာပူး (ပွဲပြီးရလဒ်)

ပွဲချိန်တလျှောက်လုံး လက်စတာခံစစ်စုဖွဲ့မှုကိုဖြိုခွဲနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ အန်းစလော့ရဲ့အသင်းက ဒုတိယပိုင်းပွဲချိန်နှောင်းပိုင်းမှာတော့ ဒဏ်ရာမှပြန်သက်သာကာ လူစားဝင်ကစားတဲ့ အာနိုးလ်ရဲ့တစ်လုံးတည်းသော သွင်းဂိုးနဲ့အတူ အဝေးကွင်းအဖိုးတန်နိုင်ပွဲကို ရှာဖွေခဲ့ပါတယ်။ အခုပွဲစဉ်အတွင်း လီဗာပူးအသင်းရဲ့တိုက်စစ်လှိုင်းလုံးတွေကို ကြံကြံခံကာကွယ်ခဲ့တဲ့ လက်စတာဂိုးသမားဟာမန်ဆန်ရဲ့လက်စွမ်းကလည်း အသိအမှတ်ပြုစရာဖြစ်ခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် လီဗာပူးက လက်ကျန်ငါးပွဲကစားရဖို့ရှိနေချိန် အနီးဆုံးပြိုင်ဘက်အာဆင်နယ်ကို ၁၃ မှတ်ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေခဲ့ပါတယ်။ တဖက်မှာလည်း အခုရှုံးနိမ့်မှုကြောင့် ရာသီမကုန်ဆုံးခင်မှာပဲ လက်စတာတို့ တန်းဆင်းရဖို့ သေချာသွားခဲ့ပါတယ်။