The network connection is lost.

Banner Image

အဆုံးသတ်အားနည်းမှုတွေကြောင့် အမှတ်ခွဲယူလိုက်ရတဲ့ အယ်လ်အာလီနဲ့ အင်တာမိုင်ယာမီ

အယ်လ်အာလီ ၀ - ၀ အင်တာမိုင်ယာမီ (ပွဲပြီးရလဒ်)

ဒုတိယပိုင်းမှာ အင်တာမိုင်ယာမီက ခြေအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ အားနည်းချက်တွေရှိသလို အယ်လ်အာလီဂိုးသမားရဲ့ ကာကွယ်မှုတွေကြောင့် နိုင်ပွဲနဲ့ ဝေးကွာခဲ့ရပါတယ်။
အယ်လ်အာလီက ခံစစ်အဓိက အားပြုကစားပြီး လျင်မြန်မှုနဲ့ တန်ပြန်တိုက်စစ်ကစားခဲ့သလို အခွင့်အရေးအချို့ရခဲ့ပေမယ့် အင်တာမိုင်ယာမီဂိုးသမား ကာကွယ်သွားနိုင်ခဲ့ပါတယ်။
တစ်ပွဲလုံးခြုံကြည့်ရင် ဂိုးသမားတွေရဲ့ လက်စွမ်းပြမှုတွေကြောင့် ဂိုးမရှိသရေဖြစ်သွားတဲ့ပွဲလို့ပဲ ပြောရမှာပါ။