
အင်တာကိုကျော်ဖြတ်ကာ ကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းလာတဲ့ ဖလူမီနိစ်
အင်တာမီလန် ဝ-၂ ဖလူမီနိစ် (ပွဲပြီးရလဒ်)
အခုပွဲစဉ်ရဲ့ပွဲချိန်အစောပိုင်းမှာ ကာနိုရဲ့သွင်းဂိုးနဲ့အတူ ဖလူမီနိစ်တို့ ဦးဆောင်ခွင့်ရရှိသွားလို့ အင်တာမီလန်အတွက် ဖိအားများသွားခဲ့ပါတယ်။ နောက်ပိုင်းပွဲချိန်တွေမှာ နှစ်ဖက်အသင်းကစားသမားတွေ အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်ဖို့ကြိုးစားပေမယ့် ဂိုးကံခေလွန်းနေတဲ့အင်တာကြောင့် သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရပါဘူး။ ဒုတိယပိုင်းနာကျင်အချိန်ပိုမှာတော့ လူစားဝင်ကစားသမားဟာကူလက်စ်က ဖလူမီနိစ်အတွက် အနိုင်သေချာစေမယ့် အဆုံးအဖြတ်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။ အခုပွဲစဉ်မှာ ထိုက်ထိုက်တန်တန်အနိုင်ရရှိသွားတဲ့ ဖလူမီနိစ်က ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် မန်စီးတီး(သို့မဟုတ်)အယ်လ်ဟီလယ်နဲ့ ရင်ဆိုင်သွားရပါမယ်။