The network connection is lost.

Banner Image

ကမ္ဘာ့ဖလားလက်မှတ်ပေါင်း ၁ သန်းကျော်ရောင်းချထားရပြီးလို့ ဖီဖာ ထုတ်ပြန်

ဖီဖာဘက်ကတော့ ကနဦးအကြိုရောင်းချမှုကနေ ကမ္ဘာ့ဖလားလက်မှတ်ပေါင်း ၁ သန်းကျော်ရောင်းချထားရကြောင်း ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံပေါင်း ၂၁၂ နိုင်ငံက ပရိသတ်တွေက လက်မှတ်တွေကိုဝယ်ယူထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ကနဦးရောင်းချမှုတွေကို စက်တင်ဘာအလယ်တုန်းက ထုတ်ပြန်ခဲ့တာဖြစ်ပြီး ယေဘုယျရောင်းချမှုမတိုင်ခင် အစောဆုံးဝယ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဖီဖာရဲ့ထုတ်ပြန်ချက်တွေအရ ကနဦးကမ္ဘာ့ဖလားလက်မှတ်ရောင်းချရမှုက ၁ သန်းကျော်အထိရှိနေတယ်လို့ ဆိုပါတယ်။

လာမယ့်ကမ္ဘာ့ဖလားကို အမေရိကန် - ကနေဒါ - မက္ကဆီကိုတို့က ပူးတွဲကျင်းပမှာဖြစ်ပြီး ၄၈ သင်းပါဝင်တဲ့ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲလည်းဖြစ်ပါတယ်။ ဖီဖာဘက်ကတော့ လက်မှတ်ဝယ်ယူမှုဟာ ပြိုင်ပွဲကျင်းပမယ့်နိုင်ငံကလူတွေအများဆုံးဝယ်ယူထားပြီး အမေရိကန် နဲ့ သူ့နောက်မှာ ကနေဒါ ၊ မက္ကဆီကိုတို့ရပ်တည်နေတယ်လို့ ဆိုပါတယ်။

ဖီဖာဥက္ကဌ အင်ဖန်တီနိုကတော့ ကမ္ဘာ့ဘောလုံးပရိသတ်တွေရဲ့တုံ့ပြန်မှုကို ချီးကျူးခဲ့ပြီး နောက်ထပ်နိုင်ငံပေါင်း ၂၀၀ ကျော်ကပရိသတ်တွေလည်း ပါဝင်လာဦးမယ်လို့ ထင်မြင်နေပါတယ်။ အင်ဖန်တီနိုက လက်ရှိပြိုင်ပွဲဟာ သမိုင်းမှတ်တိုင်အပြင် အကြီးမားဆုံး နဲ့ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပါဝင်မှုအများဆုံးဖြစ်လာမယ်လို့ ပြောကြားလိုက်ပါတယ်။

“၂၀၂၆ ကမ္ဘာ့ဖလားအတွက် ဘယ်လောက်တောင်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ပြိုင်ပွဲလဲဗျာ။ နိုင်ငံအသင်းတွေ အခုသမိုင်းဝင်ကမ္ဘာ့ဖလားကို ဝင်ရောက်ယှဉ်ပြိုင်ရမှာပါ။ မြောက်အမေရိကမှာရှိတဲ့ watershed ပြိုင်ပွဲကိုလည်း ပရိသတ်တွေပါဝင်ရတာကို နှစ်သက်မယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ ကမ္ဘာ့ဖလားလက်မှတ်ပေါင်း ၁ သန်းကျော်ရောင်းချထားရပါတယ်။ အဲ့တာက ကြီးမားတဲ့တုံ့ပြန်မှုပါ။ ကြီးမားတဲ့ပါဝင်မှုဖြစ်သလို ကမ္ဘာ့ဖလားသမိုင်းမှတ်တိုင်လည်းဖြစ်လာနိုင်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

ဖီဖာဘက်ကတော့ နိုင်ငံပေါင်း ၂၁၂ နိုင်ငံက ပရိသတ်တွေက လက်မှတ်တွေဝယ်ယူထားကာ လာမယ့်အစောပိုင်းရောင်းချမှုကို အောက်တိုဘာ ၂၇ မှာလည်း ဖွင့်လှစ်မှာဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘာ့ဖလား ၄၈ သင်းနေရာအတွက် ၂၈ သင်းက ဝင်ခွင့်ရရှိထားပြီးဖြစ်ကာ ဒီဇင်ဘာ ၅ ရက်နေ့မှာ မဲခွဲမှုပြုလုပ်မှာဖြစ်ပါတယ်။