
မွန်တာရေးကို အနိုင်ယူကာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားတဲ့ ဒေါ့မွန်
ဒေါ့မွန် ၂ - ၁ မွန်တာရေး (ပွဲပြီးရလဒ်)
ဒေါ့မွန်အသင်းဟာ ပထမပိုင်းတုန်းက သွင်းဂိုးတွေကို ထိန်းကစားရင်း ချေပဂိုးတစ်ဂိုးပေးခဲ့ရခဲ့ပေမယ့် ဒုတိယချေပဂိုးမပေးရအောင် ထိန်းကစားကာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။
မွန်တာရေးက ဒုတိယပိုင်းမှာ ကစားပုံပိုကောင်းလာခဲ့ပြီး ချေပဂိုးတစ်ဂိုးရခဲ့ပေမယ့် လိုအပ်နေတဲ့ ဒုတိယ ချေပဂိုးကိုတော့ ရယူနိုင်ခဲ့ခြင်းမရှိတာကြောင့် ၁၆သင်းအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
ဒေါ့မွန်အသင်းဟာ ကွာတားဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။