The network connection is lost.

Banner Image

မန်ချက်စတာဒါဘီဂိုးပြတ်နိုင်ပွဲနဲ့အတူ လိဂ်ရှုံးပွဲဆက်နေမှု ကို ရပ်တန့်နိုင်ခဲ့တဲ့ မန်စီးတီး

မန်စီးတီး ၃-၀ ယူနိုက်တက် (ပွဲပြီးရလဒ်)

မန်ချက်စတာဒါဘီပွဲစဉ်ပီပီ အကြိတ်အနယ်ယှဉ်ပြိုင်ကစားမှုတွေနဲ့အတူ စိတ်လှုပ်ရှားပွဲစဉ်တစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ အခုပွဲစဉ်ရဲ့အဖွင့်ဂိုးကို ပထမပိုင်းပွဲချိန်အတွင်းမှာ ဖိုဒန်က ခေါင်းတိုက်သွင်းယူခဲ့ပြီး ချေပဂိုးရရှိရေးအတွက် ယူနိုက်တက်ရဲ့လှုပ်ရှားမှုတွေကလည်း စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်းမှာတော့ ဟာလန်းရဲ့ခြေစွမ်းပြဂိုးသွင်းယူနိုင်မှုတွေကြောင့် အိမ်ရှင်မန်စီးတီးတို့ ပြတ်သားတဲ့ရလဒ်တစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။ မန်စီးတီးအတွက် တောင်ပံကစားသမားဒိုကူရဲ့အတိုးအလှုပ်၊ ဂိုးသမားသစ်ဒွန်နာရမ်မာရဲ့လက်စွမ်းတွေက အသိအမှတ်ပြုစရာဖြစ်ခဲ့သလို အခုနိုင်ပွဲကြောင့် တော့တင်ဟမ်၊ ဘရိုက်တန်တို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့တဲ့ ပက်ဂွါဒီယိုလာအတွက် ဖိအားတွေ အတန်အသင့်လျော့ပါးသွားခဲ့ပါတယ်။