The network connection is lost.

Banner Image

ဈေးလျော့ပေးထားပေမယ့် အာဆင်နယ်စတားကို ခေါ်ယူမယ့်အသင်းမရှိဖြစ်နေ

သတင်းတွေအရ အာဆင်နယ်ဘက်က ဇင်ချန်ကိုနဲ့ပတ်သက်ပြီး ဈေးလျော့ထားပေမယ့် စီးရီးအေကလပ်အသင်း ၃ သင်းကခေါ်ယူလိုခြင်းမရှိဘူးလို့ သိရပါတယ်။ ကျူတိုဂျူဗီသတင်းဌာနက အာဆင်နယ်ဟာ လာဇီယို ၊ ဂျူဗင်တပ်စ် နဲ့ အေစီမီလန်အသင်းတွေထံ ဇင်ချန်ကိုအားခေါ်ယူနိုင်ကြောင်း ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။

အာဆင်နယ်ဘက်က အသက် ၂၈ နှစ်သားအတွက် ပေါင် ၈.၅ သန်းသာတောင်းဆိုထားတယ်လို့ သိရပါတယ်။ ယူကရိန်းသားဟာ ၂၀၂၂ တုန်းက မန်စီးတီးထံကနေ အာဆင်နယ်ထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အဲ့တုန်းက ပေါင် ၃၂ သန်းအထိ ပေးချေခဲ့ရပါတယ်။ မီလန်အသင်းဘက်က ဇင်ချန်ကိုကို စိတ်ဝင်စားနေပြီး အာဆင်နယ်မှာက စကယ်လီကော ၊ ကာလာဖီအိုရီပါရှိနေတာကြောင့် နေရာရဖို့မသေချာတော့တာဖြစ်ပါတယ်။

အာဆင်နယ် နဲ့ ဇင်ချန်ကိုတို့ကြား စာချုပ်သက်တမ်းက ၂၀၂၆ အထိကျန်ရှိနေပြီး ပြီးခဲ့တဲ့ရာသီတုန်းက ၁၅ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ အဲ့ထဲကမှ ၅ ပွဲသာ ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့ပြီး ပြိုင်ပွဲစုံ ၂၃ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ ဇင်ချန်ကိုအနာဂတ်က မသေချာသေးပေမယ့် ကစားသမားကနိုင်ငံအသင်းနဲ့ပူးပေါင်းနေပါတယ်။ အဆိုပါပြိုင်ပွဲပြီးရင်တော့ ဇင်ချန်ကိုတစ်ယောက် နွေရာသီအားလပ်ရက်အနားယူမှာဖြစ်ပါတယ်။