The network connection is lost.

Banner Image

ခြေသလုံးဒဏ်ရာကြောင့် ပြင်သစ်လူစာရင်းမှနုတ်ထွက်ခဲ့ရတဲ့ ဒူရေး

ပီအက်စ်ဂျီတိုက်စစ်ကြယ်ပွင့် ဒူရေးဟာ ‌ခြေသလုံးဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရပြီးနောက် ယခုအခါမှာ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ လူစာရင်းကနေ နုတ်ထွက်ခဲ့ရတယ်လို့သိရပါတယ်။ ပြင်သစ်ဟာ ဒဏ်ရာပြဿနာကြုံတွေ့ထားတဲ့ အူစမန်ဒမ်ဘီလီရဲ့နေရာမှာ ဒူရေးကို အစားထိုးခေါ်ယူထားခဲ့တာဖြစ်ပြီး ဒူရေးပါ ထပ်မံဒဏ်ရာရသွားတာကြောင့် လက်ရွေးစင်အသင်းအတွက်ရော၊ ပီအက်စ်ဂျီအတွက်ပါ ထိုးနှက်ချက်ကြီးမားခဲ့ပါတယ်။ 

ဒမ်ဘီလီဟာ သောကြာနေ့က ယူကရိန်းနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အတွင်း ပြင်သစ်အတွက်ပါဝင်ကစားပေးခဲ့ပေမယ့် ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရပြီး လူစာရင်းကနေ နုတ်ထွက်ထားခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာ ဒူရေးကလည်း ဒဏ်ရာပြဿနာကြုံတွေ့ပြီး ပီအက်စ်ဂျီသို့ ဆေးကုသမှုခံယူဖို့ ပြန်လည်ရောက်ရှိလာခဲ့ပြီလို့သိရပါတယ်။

ပြင်သစ်ဟာ ယူကရိန်းကို ၂-၀ နဲ့သက်တောင့်သက်သာအနိုင်ရခဲ့ပေမယ့် ဒူရေးဟာ ဒုတိယပိုင်းအစမှာပဲ ခြေသလုံးဒဏ်ရာရရှိခဲ့လို့ ပွဲပြီးတဲ့အထိ ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပါဘူး။ တံကောက်ကြောဒဏ်ရာရရှိထားတဲ့ ဒမ်ဘီလီဟာ ၆ ပတ်ခန့်အထိအနားယူသွားရမယ်လို့ ပြင်သစ်သတင်းတွေကဖော်ပြထားတာကြောင့် ကစားသမားဟာ အတ္တလန္တာနဲ့ယှဉ်ပြိုင်သွားရမယ့် ပီအက်စ်ဂျီရဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်ကိုလည်း လွဲချော်သွားမှာဖြစ်ပါတယ်။

ပီအက်စ်ဂျီအနေနဲ့ ဒမ်ဘီလီရဲ့ ကြံ့ခိုင်မှုအခြေအနေကို‌ဖော်ပြပြီး ဒဏ်ရာပြဿနာမကြုံတွေ့စေဖို့ ပြင်သစ်အသင်းထံ သတိပေးခဲ့ပေမယ့် ယခုအခါမှာတော့ ဒဏ်ရာရသွားတာကြောင့် အသင်းပရိသတ်တွေအနေနဲ့ အတော်လေး စိတ်ပျက်နေတယ်လို့သိရပါတယ်။ လာမယ့် စက်တင်ဘာလ ၉ ရက်နေ့မှာတော့ ပြင်သစ်ဟာ နောက်ထပ်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် အိုက်စလန်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။