
ဘိုလော့ဂ်နာကို အိမ်ကွင်းမှာ အနိုင်ယူကာ ယူရိုပါလိဂ်ခရီးစဉ်တာထွက်လှခဲ့တဲ့ အက်စတွန်ဗီလာ
အက်စတွန်ဗီလာ ၁-၀ ဘိုလော့ဂ်နာ (ပွဲပြီးရလဒ်)
ဗီလာပတ်ခ်မှာကစားခဲ့တဲ့ပွဲစဉ်အတွင်း နှစ်ဖက်အသင်းကစားသမားတွေရဲ့ အကြိတ်အနယ်အင်တိုက်အားတိုက်ယှဉ်ပြိုင်မှုကြောင့် အကြိတ်အနယ်ရှိတဲ့ပွဲကောင်းတစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ ပွဲချိန် ၁၃ မိနစ်မှာ အက်စတွန်ဗီလာကပ္ပတိန်မက်ဂင်းက အခုပွဲစဉ်ရဲ့အဆုံးအဖြတ်အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်းမှာလည်း အိမ်ရှင်တွေအတွက် ပယ်နယ်တီအခွင့်အရေးရရှိပေမဲ့ တိုက်စစ်မှူးဝက်စ်ကင်အသုံးမချနိုင်လို့ နောက်ထပ်သွင်းဂိုးမရရှိခဲ့ပါဘူး။ တဖက်မှာလည်း ဘိုလော့ဂ်နာရဲ့တိုက်စစ်ဆင်မှုတွေက ကောင်းမွန်ခဲ့ပေမဲ့ ဂိုးသမားဘီဇော့ဦးဆောင်တဲ့ ဗီလာခံစစ်ကြောင်းကို မကျော်ဖြတ်နိုင်လို့ ချေပဂိုးနဲ့ ဝေးကွာခဲ့ပါတယ်။