The network connection is lost.

Banner Image

အဲဗာတန်ကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ တော့တင်ဟမ်

အဲဗာတန် ဝ-၃ တော့တင်ဟမ် (ပွဲပြီးရလဒ်)

အဲဗာတန်ရဲ့ဟေးလ်ဒစ်ကင်ဆန်ကွင်းသစ်ကြီးမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်အတွင်း အလွတ်တည်ကန်ဘောတွေရဲ့အရေးပါမှုနဲ့အတူ ဧည့်သည်တော့တင်ဟမ်က ဂိုးပြတ်နိုင်ပွဲတစ်ခု ဖော်ဆောင်သွားခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ထောင့်ကန်ဘောနှစ်ကြိမ်ကို ဗန်ဒီဗန်က ခေါင်းတိုက်အဆုံးသတ်ကာ ဦးဆောင်ဂိုးနှစ်ဂိုး သွင်းယူခဲ့ပြီး ဒုတိယပိုင်းပွဲချိန်နှောင်းပိုင်းမှာ ပါပေးဆားက အပိတ်ဂိုးကို သွင်းယူခဲ့ပါတယ်။ တဖက်မှာလည်း အိမ်ကွင်းပရိသတ်ရှေ့မှောက် အဲဗာတန်က အကောင်းဆုံးတုံ့ပြန်ကစားခဲ့ပေမယ့် ဂိုးကံခေနေလို့ ချေပဂိုးနဲ့ ဝေးကွာခဲ့ပါတယ်။