The network connection is lost.

Banner Image

စံချိန်တင်အပြောင်းအရွှေ့ဖြစ်လာနိုင်ချေနဲ့ပတ်သက်ပြီး ပြောကြားလိုက်တဲ့ ဖရန့်ခ်

လူးဝစ်မိသားစုထံကနေ ပေါင်သန်း ၁၀၀ ပေါင်းထည့်ပေးပြီးနောက် တော့တင်ဟမ်နည်းပြ ဖရန့်ခ်က စံချိန်တင်အပြောင်းအရွှေ့ကို ဘယ်လိုလုပ်ဆောင်မလဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

တော့တင်ဟမ်ကို ဆော်ဒီ နဲ့ အမေရိကန်ရင်းနှီးမြုပ်နှံသူတွေဝယ်ယူဖို့ သတင်းတွေထွက်ခဲ့ပြီးနောက် လူးဝစ်မိသားစုက အသင်းက ရောင်းချရန်မဟုတ်ဘူးဆိုတာကို အတည်ပြုခဲ့ပါတယ်။
အဲ့အစား လက်ရှိအသင်းပိုင်ရှင်တွေက အသင်းအပေါ်အပြည့်အဝအာရုံစိုက်ထားသလို ဖရန့်ခ်ကလည်း သူတို့မျှော်လင့်ချက်ကို ပြန်လည်ပေးဆပ်ချင်နေပါတယ်။

နည်းပြသစ် ဖရန့်ခ်လက်အောက်မှာ တော့တင်ဟမ်ဟာ ၇ ပွဲကစားပြီးချိန် ၁ ပွဲပဲအရေးနိမ့်ထားကာ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ လူးဝစ်မိသားစုထံကနေ အခုလိုမျိုးငွေကြေးထည့်သွင်းခဲ့တာက အသင်းအပေါ်မှာ အပြည့်အဝအာရုံစိုက်ထားတယ်ဆိုတာကို ပြသနေပါတယ်။

အတွင်းထဲကလူတစ်ယောက်ရဲ့အဆိုအရ “အသင်းရဲ့စီမံခန့်ခွဲရေးအပိုင်းအနေနဲ့ အောင်မြင်မှုရဖို့ လိုအပ်တာတွေကို ဆုံးဖြတ်ခဲ့ပါတယ်။ ငွေကြေးတွေပိုရလာမှာဖြစ်ပြီး လူးဝစ်မိသားစုကလည်း အသင်းအောင်မြင်ရေးအတွက် အပြည့်အဝအာရုံစိုက်ထားပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

ငွေသားမထည့်ခင် တော့တင်ဟမ်ဟာ အမေရိကန်သူဌေး အာရစ်ခ်ရဲ့ ပေါင် ၄.၅ ဘီလီယံတန်ကမ်းလှမ်းမှုကိုပယ်ချခဲ့ပါတယ်။ အာရစ်ခ်ရဲ့ကမ်းလှမ်းမှုဟာ ပေါင် ၃.၃ ဘီလီယံ + အပြောင်းအရွှေ့လစာအတွက် ပေါင် ၁.၂ ဘီလီယံနဲ့ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တော့တင်ဟမ်အသင်းဘက်ကတော့ ဘယ်အခြေအနေမျိုးမှာမှရောင်းချမှာမဟုတ်ဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။

ဒိန်းမတ်သားကတော့ လူးဝစ်မိသားစုရဲ့အမြင် နဲ့ အသင်းအပေါ်အပြည့်အဝအာရုံစိုက်မှုကို ချီးကျူးခဲ့ပါတယ်။ “ပထမဆုံး နဲ့ နောက်ဆုံးအနေနဲ့ လူးဝစ်မိသားစုက အသင်းတိုးတက်ရေးအတွက် အခုလိုမျိုးပြသလိုက်တာက အပေါင်းလက္ခဏာဆောင်ပါတယ်။ သူတို့ဘက်က အသင်းကိုအောင်မြင်စေချင်တယ်ဆိုတာကို မြင်သာအောင်ပြသနေပါတယ်။ အဲ့တာက အသင်းအတွက် သူတို့လုပ်ဆောင်ပေးတဲ့အရာလို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အသင်းကိုဝယ်ယူမယ်ဆိုတဲ့သတင်း ၃ ခုလောက်တက်လာခဲ့ပါသေးတယ်။

ကျွန်တော် သတင်းစာတွေ ၊ လူမှုမီဒီယာတွေသိပ်မဖတ် သိပ်မသုံးတာကို ဝမ်းသာမိပါတယ်။ ကျွန်တော် အတိုလောက်ပဲ သတင်းရခဲ့တာပါ။ ဒါပေမယ့် လူးဝစ်မိသားစုဘက်က အသင်းအပေါ်အပြည့်အဝကူညီပေးချင်တာက ကောင်းတဲ့လက္ခဏာပါ။ အတွင်းပိုင်းထဲမှာ အဲ့တာကိုကျွန်တော်တို့သိသလို ရလာတဲ့ငွေကြေးကိုဘယ်လိုအသုံးချမလဲဆိုတာကို သေချာလေးလုပ်ဆောင်ပါမယ်”လို့ ဖရန့်ခ်က ပြောကြားခဲ့ပါတယ်။

တော့တင်ဟမ်ဟာ ဖရန့်ခ်လက်အောက်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုစိန်ခေါ်နိုင်ဖို့ စတင်နေပြီး ဘုန်းမောက်ကိုသာ အရေးနိမ့်ထားခဲ့ပါတယ်။ ဒီနေ့ညမှာ တော့တင်ဟမ်ဟာ ဗီလာအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် မိုနာကိုအသင်းနဲ့ချန်ပီယံလိဂ်ပွဲကန်ရမှာဖြစ်ပါတယ်။