The network connection is lost.

Banner Image

သယ်ယူပို့ဆောင်ရေးလု်ပသားသပိတ်တိုက်ပွဲရှိနေပေမယ့် ဘိုင်ယန်မြူးနစ်နဲ့ လိုက်ပ်ဇစ်တို့ရဲ့ ပိုကယ်လ်ဖလားပွဲစဉ်ကို ပုံမှန်အတိုင်းကျင်းပသွားမယ်လို့ဆို

Bild ရဲ့ဖော်ပြချက်အရ မြူးနစ်မြို့ရဲ့အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ သပိတ်မှောက်နေပေမဲ့ ဗုဒ္ဓဟူးနေ့မှာကစားမယ့် ဘိုင်ယန်မြူးနစ်နဲ့ RB လိုက်ပ်ဇစ်တို့ရဲ့ပိုကယ်လ်ဖလားပွဲစဉ်ကိုတော့ သတ်မှတ်ချိန်အတို်ငး ကျင်းပသွားမယ်လို့ သိရပါတယ်။


မြူးနစ်မြို့ရဲ့ သယ်ယူပို့ဆောင်ရေးလုပ်သားသပိတ်ကြောင့် ဘိုင်ယန်နဲ့ လိုက်ပ်ဇစ်တို့ရဲ့ ပိုကယ်လ်ဖလားကွာတားဖိုင်နယ်ပွဲစဉ်ကို ရွှေ့ဆိုင်းရမယ့် အခြေအနေမှာ ရှိနေတယ်လို့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီသပိတ်တိုက်ပွဲကြောင့် မြူးနစ်မြို့အနီးမှာရှိတဲ့ မြေအောက်ရထားပြေးဆွဲမှုအားလုံး ရပ်နားသွားဖို့ရှိနေလို့ ပရိသတ်တွေကိုယ်တိုင် ကွင်းတွင်းဝင်ရောက်ကြည့်ရှုရန် အခက်တွေ့လာနိုင်ပါတယ်။


ဒါပေမဲ့လည်း တနင်္လာနေ့အစည်းအဝေးအပြီးမှာတော့ အဆိုပါပွဲစဉ်ကို မူလအစီအစဉ်အတိုင်းပဲ ဆက်လက်ကျင်းပဖို့ ဆုံးဖြတ်လိုက်ပြီလို့ Bild က ဖော်ပြခဲ့ပါတယ်။ ကွာတားဖိုင်နယ်ပွဲစဉ်ကို သတ်မှတ်ထားတဲ့အတိုင်း ကျင်းပနိုင်ဖို့အတွက် အစီအစဉ်တစ်ခု ချမှတ်ထားပြီးဖြစ်ပေမဲ့ ပရိသတ်အများစုအတွက်တော့ ကွင်းတွင်းလာရောက်ကြည့်ရှုနိုင်ရေး စိန်ခေါ်မှုတစ်ခုအဖြစ် ဆက်ရှိနေပါဦးမယ်။