The network connection is lost.

Banner Image

လိုက်ပ်ဇစ်ကစားသမားဘ၀ပွဲဦးထွက်ခြေစွမ်းအတွက် ဂရူဒါကို ချီးကျူးလိုက်တဲ့ အိုလီဝါနာ

အိုလီဝါနာက ကိုလုံးအသင်းနဲ့ပွဲမှာ လိုက်ပ်ဇစ်အတွက် ပထမဆုံးအကြိမ်ပါဝင်ကစားပေးခဲ့တဲ့ လူငယ်ကြယ်ပွင့်ဘရိုင်ယန်ဂရူဒါကို အားပါတရချီးကျူးခဲ့ပါတယ်။

ဂရူဒါက အပြောင်းအရွှေ့ပိတ်သိမ်းခါနီးနောက်ဆုံးရက်မှာ ဘရိုက်တန်မှ လိုက်ပ်ဇစ်ဆီ အငှားဖြင့်ရောက်ရှိလာခဲ့ပြီး ကိုလုံးကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ ချက်ချင်းဆိုသလို ပါဝင်လာခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် ကစားသမားကို ပွဲထွက်လူစာရင်းမှာ ဘာကြောင့် ချက်ချင်းထည့်သွင်းခဲ့တာလဲဆိုတဲ့မေးခွန်းကို နည်းပြအိုလီဝါနာက "ဂရူဒါက တကယ်ကို ထူးထူးခြားခြားပါရမီရှိတဲ့ ဘောလုံးသမားတစ်ဦးပါ။ သူက ကျွန်တော်တို့အသင်းနဲ့ အလွန်အံဝင်ခွင်ကျရှိပါတယ်"လို့ ရှင်းပြခဲ့ပါတယ်။

ကစားရခက်ခဲတဲ့အဝေးကွင်းပွဲစဉ်အတွက် လိုအပ်တဲ့ "တည်ငြိမ်မှုနဲ့ အစွမ်းအစ"တွေကို ဂရူဒါက ဖြည့်ဆည်းပေးနိုင်ခဲ့တယ်လို့လည်း ဝါနာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

"သူ့ရဲ့ ပွဲဦးထွက်အပေါ်မှာ ကျွန်တော် ကျေနပ်မိပါတယ်။ အမှန်အတိုင်းပြောရရင် ကစားသမားသစ်တွေကို အသင်းနဲ့အသားကျအောင်လုပ်ဖို့အတွက် ကျွန်တော်တို့မှာ အချိန်မရှိပါဘူး။ ဂရူဒါက သူ့အပေါ်ထားရှိတဲ့ မျှော်လင့်ချက်အတိုင်း စွမ်းဆောင်နိုင်ခဲ့ပါတယ်" လို့ ဝါနာက အလေးအနက်ပြောကြားခဲ့ပါတယ်။

လာမယ့်ဗုဒ္ဓဟူးနေ့၊ ဘိုင်ယန်မြူးနစ်နဲ့ ပိုကယ်လ်ဖလားကွာတားဖိုင်နယ်ပွဲစဉ်အတွက်လည်း လိုက်ပ်ဇစ်ရဲ့ပွဲထွက်လူစာရင်းမှာ ဂရူဒါ ထပ်မံပါဝင်လာနိုင်ပါတယ်။