The network connection is lost.

Banner Image

ချူကွီမီကာရဲ့တိုးတက်မှုအပေါ် သံသယတွေတိုးပွားလာနေတဲ့ ဒေါ့မွန်

ဒေါ့မွန်က အသင်းကစားသမားဖြစ်သူ ချူကွီမီကာနဲ့ပတ်သက်လို့ သံသယတွေ ပိုမိုများပြားလာတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ချူကွီမီကာက ချယ်လ်ဆီးမှ ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာ တစ်နှစ်ဝန်းကျင်လောက် ရှိနေပါပြီ။ ဒါပေမဲ့ အသက် ၂၂ နှစ်အရွယ် ဒီကစားသမားကို ဘွန်ဒက်လီဂါကလပ်မှာ ခြေစွမ်းပြနိုင်ဖို့အတွက် အခုထိ စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။

ချူကွီမီကာဟာ ကနဦးအငှားစာချုပ်ဖြင့် ရောက်ရှိလာခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီမှာတော့ ဒေါ့မွန်က ယူရို သန်း ၂၀ ပေးချေပြီး သူ့ကို အပြီးသတ်ခေါ်ယူခဲ့ပါတယ်။ ဒေါ့မွန်မှာ ပထမဆုံးအကြိမ်ရာသီပြည့်ဖြတ်သန်းနေချိန် ချူကွီမီကာက ၂၆ ပွဲအထိ ပါဝင်ကစားပေးထားပေမဲ့ ၈ ပွဲသာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရခဲ့ပြီး ဒီနှစ်ဆန်းပိုင်းကစလို့ ပွဲထွက်လူစာရင်းမှာပါဝင်ခွင့် မရရှိတော့ပါဘူး။

Ruhr Nachrichten သတင်းဌာနရဲ့ဖော်ပြချက်အရ ချူကွီမီကာရဲ့ကြံ့ခိုင်မှုပိုင်းနဲ့ပတ်သက်လို့ သံသယတွေ ပိုမိုများပြားလာနေတယ်လို့ သိရပြီး လွန်ခဲ့တဲ့တစ်နှစ်တာကာလအတွင်း သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု ဘာကြောင့် သိသိသာသာမတိုးတက်လာရသလဲဆိုတာကို ဒေသတွင်းသတင်းဌာနတွေဘက်မှ မေးခွန်းထုတ်နေကြပါတယ်။

ဒီအင်္ဂလန်ကွင်းလယ်လူဟာ ဒေါ့မွန်နဲ့ ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်သက်တမ်း ရှိနေသူလည်း ဖြစ်ပါတယ်။