The network connection is lost.

Banner Image

ဒေါ့မွန်နောက်ခံလူ ဒန်နီယယ် စဗန်ဆင်ကို ခေါ်ယူဖို့ အာဆင်နယ်အသင်း မျက်စိကျနေ

ပရီးမီးယားလိဂ်ထိပ်သီး အာဆင်နယ်အသင်းဟာ ဒေါ့မွန်အသင်းရဲ့ ဘယ်နောက်ခံလူ ဒန်နီယယ် စဗန်ဆင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စဗန်ဆင်ဟာ ဒီရာသီမှာ ဒေါ့မွန်အသင်းအတွက် အထူးခြေစွမ်းပြသနေသူ ဖြစ်ပါတယ်။ သူဟာ အသင်းအတွက် ဘွန်ဒက်လီဂါပွဲစဉ် ၂၁ ပွဲ ကစားပေးထားရာမှာ ၁၇ ပွဲအထိ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိထားတာပါ။

ဂျာမနီအခြေစိုက် ဘေးလ် သတင်းဌာနရဲ့ ဖော်ပြချက်အရ လာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်အသင်းဟာ စဗန်ဆင်ကို ခေါ်ယူဖို့ အလေးအနက် စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းဟာ ဒီကစားသမားရဲ့ ခြေစွမ်းကို အနီးကပ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

အာဆင်နယ်နည်းပြ မီခေးလ် အာတီတာဟာ အသင်းရဲ့ ဘယ်နောက်ခံလူနေရာကို ထပ်မံအင်အားဖြည့်တင်းဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ စဗန်ဆင်ကို ခေါ်ယူပြီး ရီကာဒို ကာလာဖီအိုရီ၊ ပီယာရို ဟင်ကာပီယေတို့နဲ့အပြိုင် နေရာတစ်ခုအတွက် ယှဉ်ပြိုင်စေလိုတာ ဖြစ်တယ်လို့လည်း သိရပါတယ်။