The network connection is lost.

Banner Image

ဆဲလ်တစ်က ကျွန်တော့်အတွက် အလိုအပ်ဆုံးအရာပါလို့ ဆိုလိုက်တဲ့ ချိန်ဘာလိန်

ချိန်ဘာလိန်ကတော့ ဆဲလ်တစ်အသင်းနဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် အလွန်ဝမ်းသာပီတိဖြစ်နေပါတယ်။ အာဆင်နယ်နဲ့ လီဗာပူးကွင်းလယ်လူဟောင်းက အခုနှစ်ဘောလုံးရာသီကုန်အထိ သက်တမ်းရှိမယ့် စာချုပ်ကို ချုပ်ဆိုခဲ့တာပါ။ ချိန်ဘာလိန်က ပြီးခဲ့တဲ့နွေရာသီမှာ ဘက်ဆီတက်မှ ထွက်ခွာလာခဲ့ပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဆဲလ်တစ်ဆီ ရောက်ရှိလာခဲ့ပါတယ်။


အသက် ၃၂ နှစ်အရွယ် ကွင်းလယ်လူက Celtic TV နဲ့ အင်တာဗျူးမှာ "ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း တော်တော်လေး အလုပ်ရှုပ်ခဲ့ပါတယ်။ နည်းပြနဲ့စကားပြောဖြစ်တဲ့အခါ ဒီအသင်းဟာ ကျွန်တော့်အတွက် အကိုက်ညီဆုံးဖြစ်မယ်လို့ ခံစားခဲ့ရသလို၊ အသင်းဖော်တွေကိုလည်း ကျွန်တော် ဝင်ရောက်ကူညီပေးနိုင်မယ်လို့ ယူဆပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

"နည်းပြနဲ့ ရှောင်မယ်လိုနီတို့က အသင်းရဲ့ မျှော်မှန်းချက်တွေ၊ ဒီမှာကစားရတာ ဘယ်လောက်အဓိပ္ပာယ်ရှိတယ်ဆိုတာတွေ၊ အသင်းရဲ့ ပန်းတိုင်တွေနဲ့ သူတို့က ကျွန်တော့်ကို ဘယ်လိုတွန်းအားပေးသွားမလဲဆိုတာတွေကို ပြောပြခဲ့ပါတယ်။ ဒါတွေအားလုံးက ကျွန်တော်နှစ်သက်တဲ့အချက်တွေဖြစ်သလို၊ ကျွန်တော် ကျင်လည်ခဲ့ရတဲ့၊ ကံကောင်းထောက်မစွာနဲ့ အမြဲရှိနေခဲ့တဲ့ ပတ်ဝန်းကျင်မျိုးလည်း ဖြစ်ပါတယ်" လို့ သူက ဆိုပါတယ်။

ဆက်လက်ပြီးတော့လည်း "ဒါဟာ ကျွန်တော့်အတွက် အတိအကျ လိုအပ်နေတဲ့အရာပါ။ ကျွန်တော့်အတွက် စိန်ခေါ်မှုအသစ်တစ်ခု လိုအပ်နေချိန်မှာ အခုလို အသင်းကြီးတစ်သင်းဆီ ရောက်ရှိလာတာ ကံကောင်းတာပါပဲ။ ကျွန်တော်ဖြစ်ချင်တဲ့ အဆင့်အတန်းတစ်ခုဆီ ပြန်ရောက်နိုင်ဖို့ သူတို့က ကူညီပေးနိုင်သလို၊ ပိုပြီးအရေးကြီးတာက အသင်းရဲ့ ရည်မှန်းချက်ပန်းတိုင်တွေ အောင်မြင်ဖို့ ကျွန်တော်က တတ်နိုင်သမျှ ကူညီပေးသွားဖို့ပါပဲ" လို့ ချိန်ဘာလိန်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။