The network connection is lost.

Banner Image

ဆဲလ်တစ်ကို ရှုံးနိမ့်ပြီးနောက် နယူးကာဆယ် ကစားသမားတွေဘက်ကနေ ကာကွယ်ပြောကြားလိုက်တဲ့ နည်းပြ အက်ဒီဟိုဝီ

ရာသီကြိုပွဲစဉ်တွင် ဆဲလ်တစ် ကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီက သူ့ရဲ့ ကစားသမားတွေကို ကာကွယ်ပြောကြားခဲ့ပါတယ်။

ဂိုးရလဒ် သိသိသာသာ ပြတ်ခဲ့ပေမဲ့ နည်းပြက ခြေစမ်းပွဲကနေ အကောင်းမြင်နိုင်တဲ့ အချက်တွေ ရှိခဲ့တယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ နည်းပြက "လူတိုင်းက ခြေစွမ်းအပေါ်မှာ စိတ်ဓာတ်ကျနေမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကောင်းမွန်တဲ့ အချက်တွေလည်း ရှိခဲ့ပါတယ်"

"ဩစတြီးယားက လေ့ကျင့်ရေးက ပြင်းထန်ခဲ့ပါတယ်။ ကျွန်တော်တို့ စီမံခန့်ခွဲတဲ့ ပုံစံအတိုင်း ဒီခရီးစဉ်တွေအားလုံးကလည်း အဲဒီလိုပါပဲ။ ကစားသမားတွေက အနားမယူဘဲ အလုပ်လုပ်ခဲ့ကြရပါတယ်။ အနားယူချိန်လေးလည်း နည်းနည်းပဲ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ခြေစွမ်းမှာ အဲဒါတွေ ပြခဲ့ပုံရပါတယ်လို့ ထင်ပါတယ်"

"ကျွန်တော်တို့ မနေ့က ဒီကို ရောက်လာခဲ့တာဖြစ်ပြီး နည်းနည်း ပင်ပန်းနွမ်းနယ်နေခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ပြင်ဆင်မှုအတွက် အရမ်းကောင်းပါတယ်။ ပွဲက ပိုခက်လေ၊ ပိုကောင်းလေပါပဲ"

"ဆဲလ်တစ်က ကျွန်တော်တို့ထက် ကြံ့ခိုင်မှုပိုင်းရော၊ ပြတ်သားမှုပိုင်းရော အများကြီး သာလွန်နေတာကို မြင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီပွဲကစားပြီးရင် ကျွန်တော်တို့ ပိုကောင်းလာမယ်လို့ ထင်ပါတယ်" လို့  ပြောကြားခဲ့ပါတယ်။