The network connection is lost.

Banner Image

ဒီနေ့မှာ ကလပ်အသင်းနှစ်ခုနဲ့ဆွေးနွေးမှု ပြုလုပ်မယ့် ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင်းအန်တိုနီယို

ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင်းအန်တိုနီယိုက အရှေ့အလယ်ပိုင်းဒေသဆီ ပြောင်းရွှေ့ဖို့အတွက် စဉ်းစားနေပါတယ်။

ပြီးခဲ့တဲ့နွေရာသီ၊ ဝက်စ်ဟမ်းမှထွက်ခွာလာပြီးနောက်ပိုင်း ကလပ်အသင်းလက်မဲ့ဖြစ်နေတဲ့ အန်တိုနီယိုက ခရစ္စမတ်ကာလမတိုင်ခင်အထိ လက်စတာနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့မှာ ဒဏ်ရာအခြေအနေပေါ်ပေါက်လာလို့ စာချုပ်ချုပ်ဆိုနိုင်မယ့်အခွင့်အရေးနဲ့ လွဲချော်သွားပါတယ်။

အခုတော့ အန်တိုနီယိုက ချာလ်တန်အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ထားခဲ့သလို တစ်ဖက်မှာလည်း ကာတာကလပ်အယ်လ်ဆေလီယာအသင်းဆီလည်း ချိတ်ဆက်မှုတွေ ရှိထားခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းမှာတော့ ချာလ်တန်နည်းပြနေသန်ဂျုံးစ်က အတည်ပြုကြေညာစရာ ဘာမှမရှိသေးဘူးလို့ ပြောကြားခဲ့ပေမဲ့ အပြောင်းအရွှေ့အတွက် လုပ်ငန်းစဉ်တွေ ဆက်လက်လည်ပတ်နေဆဲပဲလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ကလပ်အသင်းနှစ်သင်းစလုံးနဲ့ အန်တိုနီယိုရဲ့ အေးဂျင့်တွေကြား ဆွေးနွေးမှုတွေကို ဒီနေ့မှာ ဆက်လက်ပြုလုပ်သွားဖို့ရှိပါတယ်။

အသက် ၃၅ နှစ်အရွယ်ဂျမေကာလက်ရွေးစင်ကစားသမားက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ်မှာ ပြင်းထန်ခြေထောက်အရိုးကျိုးဒဏ်ရာရရှိခဲ့ပြီး အခုအချိန်မှာတော့ အပြည့်အဝ ပြန်လည်သက်သာလာပါပြီ။