The network connection is lost.

Banner Image

ချယ်လ်ဆီးကစားသမားဘ၀နောက်ဆုံးအခိုက်အတန့်တွေဟာ ရူးလောက်စရာပါပဲလို့ ဝက်စ်ဟမ်းနောက်ခံလူဒီဆာစီဝန်ခံ

ဝက်စ်ဟမ်းနောက်ခံလူဒီဆာစီက ချယ်လ်ဆီးကစားသမားဘ၀နောက်ဆုံးလတွေဟာ တကယ့်ကို "ရူးချင်စရာ"ကောင်းခဲ့တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

ရာသီကြိုကာလမှာ အသင်းသစ်ရှာဖို့ တိုက်တွန်းခံရပြီးနောက် အသင်းလူစာရင်းမှဖယ်ထုတ်ခံခဲ့ရတဲ့ ဒီဆာစီက ပြီးခဲ့တဲ့လအတွင်း ဝက်စ်ဟမ်းဆီမပြောင်းရွှေ့ခင် ချဲလ်ဆီးယူ-၂၁ အသင်းမှာ ကစားခဲ့ရပါတယ်။

"ဒီကို ရောက်လာရတာ တကယ်ကို ကောင်းပါတယ်၊ အရင်က ကျွန်တော့်အခြေအနေက နည်းနည်းတော့ ရူးချင်စရာကြီးပါ" လို့ Iron Cast ပေါ့ဒ်ကတ်စ်မှာ သူက ပြောပြခဲ့ပါတယ်။ "ဒီကို ရောက်လာတာ ကျွန်တော့်အတွက်တော့ အကောင်းပဲလို့ မြင်ပါတယ်၊ အသင်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ခွင့်ရတာ တကယ်ကို စိတ်ချမ်းသာဖို့ ကောင်းပါတယ်။ ချယ်လ်ဆီးမှာရှိခဲ့တဲ့အချိန်တွေက ရူးချင်စရာ နည်းနည်းကောင်းခဲ့ပေမဲ့ ကျွန်တော့်ရဲ့နောက်ခံဖြတ်သန်းမှုတွေက ဒီအခိုက်အတန့်ကို ကျော်ဖြတ်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ ကျွန်တော် အမြဲတမ်းအသင့်ဖြစ်နေအောင် ပြင်ဆင်ထားတယ်၊ ကြိုးကြိုးစားစားလေ့ကျင့်တယ်၊ ပြီးတော့ စိတ်ဓာတ်မကျအောင်လည်း အမြဲတမ်းဂရုစိုက်ခဲ့ပါတယ်။ ဒီလိုအချိန်တွေကိုကျော်ဖြတ်နိုင်ဖို့ မိသားစုကလည်း အများကြီး ကူညီပေးခဲ့သလို၊ ဒီကာလအတွင်းမှာ ကျွန်တော့်ရဲ့နောက်ခံဖြတ်သန်းမှုတွေက အများကြီး အထောက်အကူဖြစ်ခဲ့တာကို တွေ့ခဲ့ရပါတယ်" လို့ ဒီဆာစီက ဆိုပါတယ်။