The network connection is lost.

Banner Image

ဝုဗ်ကစားသမားဘ၀ပွဲဦးထွက်မှာ ဂိုးသွင်းယူနိုင်လို့ အတိုင်းမသိဝမ်းသာအားရနေတဲ့ အီဒိုဇီ

ဗုဒ္ဓဟူးညပိုင်းပွဲစဉ်မှာ ဝုဗ်ကစားသမားဘ၀ပွဲဦးထွက်ကို ယှဉ်ပြိုင်ကစားရင်း ဂိုးသွင်းယူနိုင်ခဲ့လို့ သူ့ရဲ့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာပြီလို့ အီဒိုဇီက ဝန်ခံပြောကြားလိုက်ပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူအာဆင်နယ်နဲ့ရင်ဆိုင်ရတဲ့ Molineux ကွင်းပွဲစဉ်မှာ အီဒိုဇီက အိမ်ရှင်တွေအတွက် လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး ပွဲချိန် ၉၄ မိနစ်မှာ အဖိုးတန်ချေပဂိုးသွင်းယူကာ အသင်းအတွက် တစ်ဖက်နှစ်ဂိုးစီသရေရလဒ်ကို ဖော်ဆောင်ပေးခဲ့ပါတယ်။

ပွဲစဉ်အပြီး ကွင်းလယ်တိုက်စစ်ကစားသမားက " ကလေးဘဝဘောလုံးစကစားချိန်ကတည်းက အခုလိုမျိုး အခိုက်အတန့်တွေကို အိပ်မက်,မက်ခဲ့တာပါ။ ပွဲဦးထွက်အဖြစ် ကွင်းထဲမှာ ပထမဆုံးအကြိမ် ကစားခွင့်ရခဲ့တဲ့အတွက်ကိုပဲ ကျေးဇူးတင်နေပါပြီ၊ အခုလို ဂိုးပါသွင်းနိုင်ခဲ့တာကတော့ အိပ်မက်တွေ တကယ်ဖြစ်လာတာပါပဲ။ ဒီဂိုးကို ကျွန်တော့်ဂိုးအဖြစ် သတ်မှတ်ပေးဖို့လည်း မျှော်လင့်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ဒါဟာ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာတာပါ" လို့ ပြောကြားခဲ့ပါတယ်။

"ဒါဟာ ကျွန်တော့်အတွက်တော့ အရာအားလုံးပါပဲ။ ဒီလိုအခိုက်အတန့်မျိုးအတွက် ဘဝတစ်လျှောက်လုံး ဘောလုံးကစားလာခဲ့တာပါ။ ငယ်ငယ်ကတည်းက အပြင်းအထန်လေ့ကျင့်ခဲ့ရလို့ ပရီးမီးယားလိဂ်ပွဲဦးထွက်မှာတင် ဂိုးသွင်းယူနိုင်ခဲ့တဲ့ခံစားချက်ကို စကားလုံးနဲ့တောင် မဖော်ပြနိုင်ပါဘူး" လို့ သူက ဆက်ပြောပါတယ်။

"အိပ်မက်တွေ တကယ်ဖြစ်လာတာပါ။ ပွဲဦးထွက်ကစားခွင့်ရဖို့ဆိုတာက တစ်ပိုင်း၊ ပွဲဦးထွက်မှာတင် ဂိုးသွင်းနိုင်ဖို့ဆိုတာက နောက်ထပ်တစ်ပိုင်းပါ။ တကယ်ပဲ ကျေးဇူးတင်သလို အရမ်းလည်း ပျော်ရွှင်ရပါတယ်"

"ဘာတွေဖြစ်သွားလဲဆိုတာ စကားလုံးနဲ့တောင် သေချာမပြောနိုင်တော့ပါဘူး။ စိတ်လှုပ်ရှားမှုပေါင်းစုံ ခံစားနေရပေမဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်မှာတင် ဂိုးသွင်းယူနိုင်ခဲ့လို့ အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ အခုအချိန်မှာ ကျွန်တော့်ဆီမှာ ခံစားချက်ပေါင်းစုံ ရှိနေပါတယ်" လို့လည်း ဆိုပါတယ်။

ဂိုးသွင်းယူခဲ့ပုံနဲ့ ပတ်သက်ပြီးတော့လည်း အီဒိုဇီက "ကျွန်တော့်ဆီ ဘောလုံးရောက်လာချိန် မြေစိုက်ဘောဖြစ်အောင် အစွမ်းကုန်အားထည့်ကန်ဖို့ပဲ တွေးခဲ့တာပါ။ အဲဒီလိုကန်လိုက်ရင် ဂိုးဝင်သွားဖို့ကိုလည်း မျှော်လင့်ခဲ့ပါတယ်။ ဂိုးပိုက်ထဲ ဘောလုံးဝင်သွားတာ မြင်လိုက်တာနဲ့ ဘာကိုမှ ဂရုမစိုက်ဘဲ အောင်ပွဲခံခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် ဂိုးဝင်သွားခဲ့ပြီး အသင်းအတွက် နှစ်ဂိုးစီသရေဖြစ်သွားအောင် လုပ်ဆောင်ပေးနိုင်လို့ဝမ်းသာမိပါတယ်" လို့ ပြောပါတယ်။

"အဲဒီအချိန်မှာ ခေါင်းထဲ ဘာမှမရှိတော့ဘဲ ခံစားချက်ပေါင်းစုံပဲ ဖြစ်ပေါ်နေခဲ့ပါတယ်။ ပရိသတ်တွေ အားပေးကြွေးကြော်နေချိန် အဲဒီနေရာမှာရှိနေဖို့ဆိုတာ ကျွန်တော့်ရဲ့ အိပ်မက်တစ်ခုပါပဲ" လို့ အီဒိုဇီက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။