The network connection is lost.

Banner Image

ဝုဗ်နဲ့ပွဲစဉ်အပြီး ပျင်းရိလေးတွဲလွန်းတဲ့အာဆင်နယ်အသင်းလို့ ပေါလ်မာဆင် ပြင်းပြင်းထန်ထန်ဝေဖန်

အာဆင်နယ်အသင်းနဲ့အတူ ချန်ပီယံဆုဖလားရယူခဲ့ဖူးတဲ့ ပေါလ်မာဆင်က အမှတ်ပေးဇယားအောက်ခြေရှိ ဝုဗ်အသင်းနဲ့တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ မနေ့ညပိုင်းလိဂ်ပွဲစဉ်အပြီး ဂန်းနားကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် ဒေါသတကြီးဝေဖန်ခဲ့ပါတယ်။

အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အာဆင်နယ်က အနီးဆုံးပြိုင်ဘက်မန်စီးတီးထက် တစ်ပွဲပိုကစားကာ ငါးမှတ်အသာဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေပေမယ့် ချန်ပီယံဆုတိုက်ပွဲမှာတော့ ဖိအားတွေ များလာခဲ့ပါတယ်။

Sky Sports ရုပ်သံမှာ ပေါလ်မာဆင်က "တကယ်လို့ မန်စီးတီးသာ လက်ကျန်ပွဲစဉ်အားလုံးကို အနိုင်ရရှိမယ်ဆိုရင် သူတို့ပဲ ချန်ပီယံဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် အခုရလဒ်က တကယ့်ကို စိတ်ပျက်ဖို့ကောင်းပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

"အေးအေးဆေးဆေးပုံစံနဲ့ ကစားလို့မရပါဘူး။ နှစ်ဂိုးစီသရေဖြစ်သွားချိန်မှသာ အသည်းအသန်ကစားပြီး လူတိုင်း လိုက်ပြေးနေကြတာကို မြင်ခဲ့ရပါတယ်။ အဲ့ဒီလိုမျိုးကစားလို့ မရပါဘူး။ အခုအချိန်မှစပြီး ရာသီကုန်တဲ့အထိ ပွဲတိုင်းက ဗိုလ်လုပွဲတွေလိုပဲ အရေးကြီးပါတယ်" လို့ ၎င်းက ဆိုပါတယ်။

"အာဆင်နယ်ကသာ သူတို့ရဲ့ပုံမှန်အရှိန်အဟုန်အတိုင်း ကစားမယ်ဆိုရင် ဝုဗ်အသင်းယှဉ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုလိုမျိုး နှေးကွေးပျင်းရိတဲ့ပုံစံနဲ့ပဲ ဆက်ကစားနေမယ်ဆိုရင်တော့ ဝုဗ်တို့လိုအသင်းမျိုးတောင် အခွင့်အရေး အမြဲရနေပါလိမ့်မယ်။ ဒီညအမှားက သူတို့ကို နောက်ပိုင်းမှာ ပြန်အထိနာစေနိုင်ပါတယ်"လို့လည်း ပေါလ်မာဆင်က သတိပေးပြောကြားသွားခဲ့ပါတယ်။