The network connection is lost.

Banner Image

ဒီနွေရာသီမှာ အီဆက်ကို ခေါ်ယူပေးဖို့ အာဆင်နယ်အား တောင်းဆိုလိုက်တဲ့ ပေါလ်မာဆန်

ပေါလ် မာဆန်က အာဆင်နယ်အသင်းဟာ ဒီနွေရာသီမှာ နယူးကာဆယ်ကြယ်ပွင့် အလက်ဇန္ဒားအီဆက်ကို ခေါ်ယူဖို့ ငွေကြေးအမြောက်အမြား သုံးစွဲခဲ့ရင် ပရီးမီးယားလိဂ်ကို ၁၀ မှတ်အသာဖြင့်နဲ့ အနိုင်ရလိမ့်မယ် လို့ ယုံကြည်နေပါတယ်။ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း မာဆန်က ဂန်နာတို့ဟာ လာမယ့်အပြောင်းအရွှေ့မှာ နယူးကာဆယ်ဆီက အီဆက်ကို ခေါ်ယူနိုင်ခဲ့ရင် လာမယ့်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကြီးမားတဲ့ အသာစီးနဲ့ ရယူနိုင်မယ်လို့ ခံစားနေပါတယ်။ ၂၀၂၂ ခုနှစ်မှာ လာလီဂါကလပ် ဆိုစီဒက်ကနေ ပရီးမီးယားလိဂ်ကို ရောက်ရှိလာပြီးကတည်းက အီဆက်ဟာ အင်္ဂလန်ဘောလုံးလောကရဲ့ အန္တရာယ်အရှိဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် လျင်မြန်စွာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဆွီဒင်လက်ရွေးစင်ဟာ ၃၉ ပွဲမှာ ၂၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်နဲ့အတူ သူ့ရဲ့ ဂိုးသွင်းအများဆုံးရာသီကို ပိုင်ဆိုင်နေပါတယ်။

အီဆက်ရဲ့ ပေါက်ကွဲအားကောင်းတဲ့ ခြေစွမ်းကြောင့် လီဗာပူးအပါအဝင် ထိပ်တန်းအသင်းတွေရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ အာဆင်နယ်အသင်းဟာ မကြာသေးခင်က အပြောင်းအရွှေ့ကာလတွေမှာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို ခေါ်ယူနိုင်ခြင်းမရှိတာဟာ အာတီတာရဲ့ ချန်ပီယံဆုအတွက် ကြိုးပမ်းမှုမှာ လိုအပ်နေတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ အီဆက်ရဲ့ အရှိန်အဟုန်၊ လှုပ်ရှားမှုနဲ့ ဂိုးသွင်းစွမ်းရည်တို့ ပေါင်းစပ်ထားတာကြောင့် မာဆန်က သူဟာ အာဆင်နယ်အတွက် အသာစီးရရှိဖို့ အရေးပါတဲ့ ကစားသမား ဖြစ်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။

Sportskeeda နဲ့ စကားပြောရာမှာ မာဆန်က "အလက်ဇန္ဒားအီဆက်ဟာ ဒီနွေရာသီမှာ အသင်းအနည်းငယ်ရဲ့ စိတ်ဝင်စားမှုကို ခံရဖို့ မျှော်လင့်ရပေမယ့် သူဟာ သူ့ရဲ့အနာဂတ်ကို မဆုံးဖြတ်ခင် စောင့်ကြည့်ကစားနိုင်တယ်လို့ ကျွန်တော် ခံစားရပါတယ်။ နယူးကာဆယ်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်ပြီး သူတို့ဟာ ဆုဖလားရယူနိုင်ကြောင်း ပြသပြီးသားပါ"

"သူတို့ဟာ အခု ကြီးမားတဲ့အသင်းတစ်ခုဖြစ်နေပြီးဆိုတာ မေ့လို့မရပါဘူး ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ရင် ဘယ်ကစားသမားအတွက်မဆို ဆွဲဆောင်မှုရှိတဲ့ ပရောဂျက်တစ်ခု ဖြစ်လာမှာပါ။အီဆက်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်မှာ ပါဝင်ချင်မှာ သေချာပြီး အဲဒါက အဓိကအခန်းကဏ္ဍကနေ ပါဝင်မှာပါ။ သူ နယူးကာဆယ်ကနေ ထွက်ခွာခဲ့ရင် အာဆင်နယ်ဟာ သူ့အတွက် အကောင်းဆုံး ဖြစ်နိုင်ချေရှိတဲ့ ပြောင်းရွှေ့မှုတစ်ခုလို့ ထင်ပါတယ်။ သူ့ကို ခေါ်ယူနိုင်ခဲ့ရင် သူတို့ ၁၀ မှတ်အသာနဲ့ လိဂ်ကို အနိုင်ရလိမ့်မယ်" လို့ မာဆန်က ပြောကြားခဲ့ပါတယ်။

အီဆက်ကိုခေါ်ယူဖို့ဟာ စံချိန်တင် ကမ်းလှမ်းမှုတစ်ခု လိုအပ်ဖွယ်ရှိပါတယ်။ ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိတဲ့ လက်ရှိစာချုပ်နဲ့ တစ်ပတ်လုပ်ခ ပေါင် ၁၂၀,၀၀၀ ဝန်းကျင်ရှိတဲ့ လစာတွေကြောင့် နယူးကာဆယ်အသင်းဟာ ရောင်းချဖို့ ဖိအားမရှိပါဘူး။ သို့သော်လည်း အသက် ၂၄ နှစ်အရွယ် ကစားသမားကို စာချုပ်သက်တမ်းတိုးဖို့ ဆွဲဆောင်ရာမှာ သူတို့ရဲ့ ဆက်လက်ရုန်းကန်နေရမှုကြောင့် ဖြစ်နိုင်ချေရှိတဲ့ ပြောင်းရွှေ့မှုအတွက် တံခါးအနည်းငယ် ပွင့်နေနိုင်ပါတယ်။

အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် အောင်မြင်မှုအတွက် ကြိုးပမ်းမှုဟာ လာမယ့်လတွေအတွင်း ချမှတ်မယ့် ဆုံးဖြတ်ချက်တွေအပေါ် မူတည်နိုင်ပါတယ်။ အာတီတာဟာ စိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်းကို တည်ဆောက်နိုင်ခဲ့ပေမယ့် သေချာပေါက် ဂိုးသွင်းနိုင်တဲ့ အထောင်တိုက်စစ်မှူး မရှိတာဟာ ဆက်လက်ပြီး အားနည်းချက်တစ်ခုအဖြစ် ကျန်ရှိနေပါတယ်။ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ တန်ဖိုးထားရတဲ့ ကစားသမားနဲ့ လမ်းခွဲဖို့ နယူးကာဆယ်ကို ဆွဲဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ အဲဒီလို အောင်မြင်မှု ရရှိခဲ့ရင် သူတို့ရဲ့ ချန်ပီယံဆုအတွက် စောင့်ဆိုင်းမှုကို အဆုံးသတ်ဖို့ လိုအပ်တဲ့ နောက်ဆုံးအပိုင်းအစ ဖြစ်လာနိုင်ပါတယ်။