The network connection is lost.

Banner Image

စပို့တင်းနောက်ခံလူ အီနာစီယိုကို နွေရာသီအဓိကပစ်မှတ်အဖြစ်သတ်မှတ်ထားတဲ့ ဘာစီလိုနာ

ရှေ့လာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလမှာ ဘာစီလိုနာအသင်းက စပို့တင်းအသင်းရဲ့ နောက်ခံလူ ဂွန်ကာလို အီနာစီယိုကို သူတို့ရဲ့ ‘အဓိကပစ်မှတ်’ အဖြစ် သတ်မှတ်လိုက်ပြီလို့ သတင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လက အယ်လ်နာဆာအသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ အင်နီဂို မာတီနက်ဇ်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဟန်ဆီဖလစ်ရဲ့အသင်းဟာ ကစားသမားသစ်တစ်ဦး ခေါ်ယူဖို့ ရှာဖွေနေတယ်လို့လည်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာပါ။

စပိန်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ စပို့တင်းနောက်ခံလူ ဂွန်ကာလို အီနာစီယိုကို လာမယ့်နွေရာသီအတွက် သူတို့ရဲ့ ‘အဓိကပစ်မှတ်’ အဖြစ် ရွေးချယ်ထားတာ ဖြစ်ပါတယ်။

အီနာစီယိုဟာ ပေါ်တူဂီနိုင်ငံရဲ့ အကောင်းဆုံး ခံစစ်စွမ်းရည်ရှိသူတွေထဲက တစ်ဦးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံထားရသူဖြစ်သလို ပေါ်တူဂီလက်ရွေးစင်အသင်းအတွက်လည်း ၁၉ ပွဲအထိ ပါဝင်ကစားပေးထားသူ ဖြစ်ပါတယ်။