The network connection is lost.

Banner Image

ယူနိုက်တက်ပစ်မှတ် ပူလီဆစ်အတွက် ပြောင်းရွှေ့ကြေး သတ်မှတ်လိုက်တဲ့ အေစီမီလန်

မန်ချက်စတာယူနိုက်တက်အသင်းက စိတ်ဝင်စားနေချိန်မှာ အေစီမီလန်အသင်းကလည်း သူတို့ရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယန် ပူလီဆစ်ကို လာမယ့်နွေရာသီမှာ ခေါ်ယူချင်တဲ့အသင်းတွေအနေနဲ့ ယူရို သန်း ၇၀ ကနေ ၈၀ ကြား ပေးချေရမယ်လို့ အကြောင်းကြားထားကြောင်း သိရပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပူလီဆစ်ဟာ ၂၀၂၃ ခုနှစ်က ချယ်လ်ဆီးအသင်းကနေ ပြောင်းရွှေ့လာကတည်းက အေစီမီလန်ရဲ့ အဓိကကစားသမားတစ်ဦး ဖြစ်လာခဲ့တာပါ။ သူဟာ အသင်းအတွက် ၁၂၂ ပွဲ ကစားပေးထားပြီး သွင်းဂိုး ၄၃ ဂိုးနဲ့ ဖန်တီးမှု ၂၂ ကြိမ်အထိ ပြုလုပ်ပေးထားပါတယ်။

အခုအခါမှာတော့ ပူလီဆစ်ဟာ ပရီးမီးယားလိဂ်ကို ပြန်လာဖို့ သတင်းတွေ အကြီးအကျယ် ထွက်ပေါ်နေပြီး ယူနိုက်တက်၊ အာဆင်နယ်နဲ့ တော့တင်ဟမ်အသင်းတို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတယ်လို့ ဆိုပါတယ်။

CaughtOffside ရဲ့ ဖော်ပြချက်အရ အီတလီထိပ်သီးကလပ် အေစီမီလန်ဟာ အမေရိကန်လက်ရွေးစင်တိုက်စစ်မှူးအတွက် ယူရို ၇၀ ကနေ ၈၀ ကြား အလိုရှိနေတာ ဖြစ်ပါတယ်။

အေစီမီလန်အသင်းဟာ အသင်းကို အသစ်ပြန်လည်တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ ရန်ပုံငွေရှာဖွေတဲ့အနေနဲ့ ပူလီဆစ်ကို ရောင်းချဖို့ ပိုမိုလမ်းဖွင့်လာတယ်လို့လည်း သိရှိရပါတယ်။