The network connection is lost.

Banner Image

ဘရာဇီးလူငယ်ကြယ်ပွင့် ပရာတက်စ်ကို ယူရို ၁၂ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရထားတဲ့ ဒေါ့မွန်

ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းဟာ ခရူဇီရိုးအသင်းရဲ့ လူငယ်ကစားသမားလေး ကာအူဝါ ပရာတက်စ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပြီလို့ သတင်းတွေအရ သိရပါတယ်။

အသက် ၁၇ နှစ်အရွယ် ဒီလူငယ်လေးဟာ ဘရာဇီးကလပ် ခရူဇီရိုးရဲ့ လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ကစားသမားတွေထဲမှာ ကာလအတန်ကြာအတွင်း အလားအလာအရှိဆုံးနဲ့ အကောင်းဆုံး လူငယ်ကြယ်ပွင့်တစ်ဦးလည်း ဖြစ်ပါတယ်။

ဖာဘရီဇီယို ရိုမန်နိုရဲ့ ဖော်ပြချက်အရ ပရာတက်စ်ဟာ ဒေါ့မွန်အသင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို သဘောတူညီမှု ရရှိထားပြီးဖြစ်ကာ လာမယ့်နွေရာသီမှာ အသင်းဆီ တရားဝင် ရောက်ရှိလာမှာ ဖြစ်ပါတယ်။

ဒီအပြောင်းအရွှေ့အတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၇ သန်း ပေးချေရမှာဖြစ်ပြီး ကစားသမားရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ထပ်ဆောင်းပေးချေရမယ့် အပိုဆုကြေးယူရို ၅ သန်း ပါဝင်တယ်လို့ သိရပါတယ်။

ဘယ်နောက်ခံလူ ပရာတက်စ်ဟာ ဇန်နဝါရီ ၂၉ ရက်နေ့က ဘိုတာဖိုဂိုအသင်းကို ၄ ဂိုး - ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်နဲ့ စတင်ပါဝင်ကစားခဲ့ပြီး လက်ကျန်ရာသီဝက်မှာ သူ့ရဲ့ကလပ်အသင်းကို ဆက်လက်ကူညီပေးဖို့အတွက် ဘရာဇီးမှာပဲ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။