The network connection is lost.

Banner Image

နာမည်ကြီးဘုန်းမောက်နောက်ခံလူဆီနီစီကို ခေါ်ယူဖို့ ဂျူဗင်တပ်စ် စိတ်ဝင်စားလာ

ဥရောပထိပ်တန်းကလပ်အသင်းကြီးတွေနဲ့အတူ ဂျူဗင်တပ်စ်က လာမယ့်နွေရာသီကာလမှာ ဘုန်းမောက်နောက်ခံလူဆီနီစီကိုခေါ်ယူဖို့ စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။
အသက် ၂၈ နှစ်အရွယ်ဆီနီစီက အခုရာသီပြီးဆုံးချိန်၊ ဘုန်းမောက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ရှိနေပြီး ထိပ်တန်းကလပ်အသင်းအများစုရဲ့စိတ်ဝင်စားမှုကို ရရှိထားပါတယ်။

သတင်းထောက်နီကိုလိုရှီရာရဲ့အဆိုအရ ဂျူဗင်တပ်က ဆီနီစီကိုခေါ်ယူဖို့ အပြီးသတ်သဘောတူညီမှုရရှိအောင် ကစားသမားရဲ့အေးဂျင့်တွေနဲ့အတူ လတ်တလောဆွေးနွေးမှုကို ပြုလုပ်နေတယ်လို့။

ဒါပေမဲ့ ဒီဗဟိုနောက်ခံလူကိုခေါ်ယူဖို့ဆိုတာ သိပ်မလွယ်ကူလှပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ့မွန်၊ ဘာစီလိုနာ၊ အက်သလက်တီကိုမက်ဒရစ်၊ ယူနိုက်တက်နဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ကလည်း သူ့ကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြပါတယ်။

ဆီနီစီက အခုဘောလုံးရာသီ၊ ဘုန်းမောက်အသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်ပြီး ပရီးမီးယားလိဂ် ၂၅ ပွဲကစား၊ ဂိုးဖန်တီးမှုလေးကြိမ် ပြုလုပ်ထားပါတယ်။