The network connection is lost.

Banner Image

စာချုပ်သက်တမ်းကုန်ဆုံးဖို့ နီးကပ်လာချိန် ဂျူဗင်တပ်စ်နဲ့ပဲ ဆက်ရှိနေချင်တဲ့ ဗလာဟိုဗစ်

စာချုပ်သက်တမ်းတိုးမြှင့်ရေးကိစ္စ ပိုမိုမသေချာမရေရာဖြစ်လာပေမဲ့ ဗလာဟိုဗစ်က ဂျူဗင်တပ်စ်အသင်းမှာပဲ ဆက်ရှိနေဖို့အတွက် အားထုတ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

အသက် ၂၆ နှစ်အရွယ်ဗလာဟိုဗစ်နဲ့ ဂျူဗင်တပ်စ်တို့အကြား လက်ရှိစာချုပ်ဟာ အခုဘောလုံးရာသီအလွန်မှာ သက်တမ်းကုန်ဆုံးဖို့ရှိနေပြီး စာချုပ်သစ်အတွက်ဆွေးနွေးမှုမှာလည်း သိသာထင်ရှားတဲ့ရလဒ်တစ်ခု မမြင်တွေ့ထားရပါဘူး။

Calciomercato မှတဆင့် ဒီမာဇီရိယိုရဲ့ဖော်ပြချက်အရ ဂျူဗင်တပ်စ်ရဲ့အနာဂတ်အစီအစဉ်တွေအပေါ် ကစားသမားကိုယ်တိုင် ယုံကြည်မှုရှိနေပြီး အသင်းမှာပဲ ဆက်ရှိနေဖို့ လိုလားတယ်လို့ သိရပါတယ်။

ဂျူဗင်တပ်စ်ကတော့ ဗလာဟိုဗစ်နဲ့ ဂါလာတာစာရေးတိုက်စစ်မှူးအိုစီမန် အလဲအလှယ်ပြုလုပ်မယ့် အံ့အားသင့်ဖွယ်အစီအစဉ်ကို စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်နေပေမဲ့ ဗလာဟိုဗစ်ကတော့ အသင်းပြောင်းဖို့ စိတ်မဝင်စားပါဘူး။

ဒါ့အပြင် စာချုပ်သစ်ချုပ်ဆိုနိုင်မယ့်အလားအလာတွေနဲ့ပတ်သက်လို့ အသင်းတာဝန်ရှိသူတွေနဲ့ ဗလာဟိုဗစ်ရဲ့ကိုယ်စားလှယ်တွေအကြား ဆက်လက်ဆွေးနွေးသွားမယ်လို့လည်း သိရပါတယ်။