The network connection is lost.

Banner Image

ဝုဗ်နဲ့နှစ်ဂိုးစီသရေကျပြီး ဆုဖလားလုပွဲမှာ အခြေအနေမကောင်းတော့တဲ့ အာဆင်နယ်

ဝုဗ် ၂ - ၂ အာဆင်နယ် (ပွဲပြီးရလဒ်)

အာဆင်နယ်အသင်းဟာ ဆာကာ၊ ဟင်ကာပီတို့ရဲ့သွင်းဂိုးတွေနဲ့ ပွဲကိုဦးဆောင်ထားနိုင်ခဲ့ပေမဲ့ ဝုဗ်ကိုချေပဂိုးတွေပြန်ပေးခဲ့ရပြီး မန်စီးတီးကို ရမှတ်ခုနှစ်မှတ်ပြန်ဖြတ်နိုင်မယ့်အခွင့်အရေးလွဲချော်ခဲ့ပါတယ်။
ပဲွပြီးခါနီး ဦးဆောင်ဂိုးကို ထိန်းကစားနေစဉ်မှာပဲ ရာယာနဲ့ မာဂယ်ဟေးစ်တို့ရဲ့ ခံစစ်ကစားပုံနားလည်မှုလွဲတာကို အီဒိုဇီက အကောင်းဆုံးအဆုံးသတ်ကာ ဝုဗ်အတွက် အဖိုးတန်ချေပဂိုးတစ်ဂိုးရယူသွားနိုင်ခဲ့ပါတယ်။
အာဆင်နယ်က တစ်ပွဲအသာနဲ့ အမှတ်ဖြတ်နိုင်မယ့်အခွင့်အရေးကို ဆုံးရှုံးလိုက်ရတာကြောင့် မန်စီးတီးသာ လာမယ့်နှစ်ပွဲကို အနိုင်ကစားနိုင်မယ်ဆိုရင် အမှတ်ကွာဟမှုအတော်လေးကျဉ်းမြောင်းသွားတော့မှာ ဖြစ်ပါတယ်။