The network connection is lost.

Banner Image

ဂျိမ်းစ်ထရက်ဖို့ဒ်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မန်စီးတီးအသင်းရဲ့ သဘောထား ထွက်ပေါ်လာ

ပရီးမီးယားလိဂ်ကလပ်အသင်း တော်တော်များများက စိတ်ဝင်စားနေကြပေမဲ့ မန်စီးတီးအသင်းကတော့ ဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်ကို အပြီးသတ်ရောင်းချမှာမဟုတ်ဘဲ လာမယ့်နွေရာသီမှာ အငှားချဖို့ပဲ ပိုပြီးဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ပက်ဂွာဒီယိုလာရဲ့အသင်းဟာ အသက် ၂၃ နှစ်အရွယ် ထရက်ဖို့ဒ်ကို ပြီးခဲ့တဲ့နွေရာသီမှာ ဘန်လေအသင်းဆီကနေ ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပေမဲ့ အပြောင်းအရွှေ့နောက်ဆုံးရက်မှာတော့ ဂိုးသမား ဒွန်နာရမ်မာကို ထပ်မံခေါ်ယူခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး ထရက်ဖို့ဒ်ဟာ မန်စီးတီးအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲပဲ ကစားခွင့်ရခဲ့တာကြောင့် ပုံမှန်ပွဲထွက်ခွင့် ပိုမိုရရှိဖို့အတွက် အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေ အပြင်းအထန် ထွက်ပေါ်လာခဲ့တာပါ။

TEAMtalk ရဲ့ ဖော်ပြချက်အရ မန်စီးတီးဟာ ထရက်ဖို့ဒ်ကို အပြီးသတ်ရောင်းချဖို့ ဆန္ဒမရှိဘဲ အငှားနဲ့သာ စေလွှတ်ချင်နေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ လိဒ်ယူနိုက်တက်၊ အက်စတွန်ဗီလာနဲ့ နယူးကာဆယ်အသင်းတို့က ထရက်ဖို့ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ချဲလ်ဆီးအသင်းကလည်း အရင်ကတည်းက စိတ်ဝင်တစား စောင့်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။