The network connection is lost.

Banner Image

နယူးကာဆယ်နဲ့ မန်စီးတီး ထပ်တိုက်တွေ့နေတဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့် မဲခွဲမှုရလဒ်များ

အက်ဖ်အေဖလားပြိုင်ပွဲရဲ့ ပဉ္စမအဆင့် (၁၆ သင်းအဆင့်) ပွဲစဉ်တွေကို မဲနှိုက်ရွေးချယ်ခဲ့ရာမှာ လိဂ်ဝမ်းကလပ် မန်းစ်ဖီးလ်တောင်းအသင်းဟာ ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

မန်းစ်ဖီးလ်အသင်းဟာ စတုတ္ထအဆင့်မှာ ပရီးမီးယားလိဂ်ကလပ် ဘန်လေအသင်းကို အနိုင်ယူပြီး နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ပဉ္စမအဆင့်ကို တက်လှမ်းနိုင်ခဲ့တာကြောင့် အခုလို အာဆင်နယ်နဲ့ တွေ့ဆုံရတာဟာ အသင်းအတွက်ထူးခြားတဲ့ ပွဲစဉ်တစ်ခု ဖြစ်လာပါတယ်။

တစ်ဖက်မှာလည်း ပရီးမီးယားလိဂ် အင်အားကြီး မန်စီးတီးအသင်းဟာ နယူးကာဆယ်အိမ်ကွင်းကို ပွဲကြပ်ကစားရဖို့ရှိနေပါတယ်။

အစ်ဆွစ်ချ်အသင်းကို အနိုင်ယူပြီး ၂၉ နှစ်အတွင်း ပထမဆုံးအကြိမ် ၁၆ သင်းအဆင့်တက်လာတဲ့ ရက်စ်ဟမ်းကတော့ အိပ်မက်ဆန်ဆန် ပွဲစဉ်အဖြစ် ဆုဖလား ၈ ကြိမ်ရ ချယ်လ်ဆီး အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။
လီဗာပူးအသင်းကတော့ တန်းဆင်းဇုန်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဝုဗ်ရဲ့ အိမ်ကွင်းသို့ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်တွေကို လာမယ့် မတ်လ ၆ ရက်ကနေ ၉ ရက်အတွင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲရဲ့ အရေးကြီးတဲ့ ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ဧပြီလ ၄ ရက်၊ ဆီမီးဖိုင်နယ်ကို ဧပြီလ ၂၅ ရက်နဲ့ ဗိုလ်လုပွဲကို မေလ ၁၆ ရက်နေ့တွေမှာ အသီးသီး ကျင်းပသွားမယ်လို့ သိရပါတယ်။

• ဖူလ်ဟမ် vs ဆောက်သမ်တန် 
• ပေါ့တ်ဗေးလ် /ဘရစ္စတိုးစီးတီး vs ဆန်းဒါးလန်း 
• နယူးကာဆယ် vs မန်စီးတီး 
• လိဒ်စ် vs နောဝစ်ချ်
• မန်းစ်ဖီးလ်တောင်း vs အာဆင်နယ် 
• ဝုဗ် vs လီဗာပူး 
• ရက်စ်ဟမ်း vs ချဲလ်ဆီး 
• ဝက်စ်ဟမ်း vs ဘရန်ဖို့ဒ်