The network connection is lost.

Banner Image

လီဗာပူးဂန္ထဝင်မိုဆာလက်ကို ခေါ်ယူဖို့ အယ်လ်အစ်တီဟတ်နဲ့ ဆော်ဒီလိဂ်တို့ စတင်ဆွေးနွေးနေ

လီဗာပူးကြယ်ပွင့်မိုဆာလက်ကို ခေါ်ယူဖို့အတွက် အယ်လ်အစ်တီဟတ်အသင်းက ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပါတယ်။

Financial Times ရဲ့အဆိုအရ အသက်-၃၃ နှစ်အရွယ်တိုက်စစ်မှူးရဲ့က ဆော်ဒီပရိုလိဂ်ဆီသွားဖို့ ရည်မှန်းထားပြီး အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့အတွက် အယ်လ်အစ်တီဟတ်နဲ့ ဆွေးနွေးမှုတွေ စတင်နေပြီလို့ သိရပါတယ်။

လီဗာပူးအသင်းကလည်း မိုဆာလက်ထွက်ခွာသွားမယ့်ကိစ္စအတွက် ကြိုတင်ပြင်ဆင်မှုပြုလုပ်နေပြီး သူ့နေရာမှာအစားထိုးဖို့ ကစားသမားတွေ စတင်ရှာဖွေနေပါပြီ။ အီဂျစ်တိုက်စစ်မှူးကတော့ စီရော်နယ်လ်ဒို ရရှိထားတဲ့ ထူးထူးခြားခြားခံစားခွင့်မျိုးနဲ့ တန်းတူညီမျှတဲ့ကမ်းလှမ်းမှုမျိုးကို မျှော်လင့်နေပါတယ်။

ဆော်ဒီအာရေဗျဘောလုံးအဖွဲ့ချုပ်ကတော့ မိုဆာလက်ကို သူတို့လိဂ်ဆီခေါ်ဆောင်လာဖို့ အခိုင်အမာ ဆုံးဖြတ်ထားပါတယ်။ ကနဦးစာချုပ်မူကြမ်းမှာဆိုရင် အလွန်များပြားတဲ့လစာငွေအပြင် အနာဂတ်မှာ ကလပ်အသင်းရဲ့ရှယ်ယာတွေပိုင်ဆိုင်မယ့် အခွင့်အရေးနဲ့ ဆော်ဒီအာရေဗျရဲ့ ခရီးသွားလာရေးသံတမန်အဖြစ် ရေရှည်ဆောင်ရွက်သွားရမယ့် သဘောတူညီချက်တွေလည်း ပါဝင်နေပါတယ်။

အယ်လ်အစ်တီဟတ်နဲ့ဆွေးနွေးမှုတွေ စတင်နေပြီဆိုပေမဲ့ မိုဆာလက် ဘယ်အသင်းဆီ ရောက်ရှိလာမလဲဆိုတာ လိဂ်တာဝန်ရှိသူတွေဘက်က အခုထိ အတည်မပြုရသေးဘူးလို့ သိရပါတယ်။

လက်ရှိမှာ လိဂ်တာဝန်ရှိသူတွေဟာ နိုင်ငံအတွင်းမှာရှိတဲ့ ထိပ်သီးကလပ်တွေနဲ့ အထူးတလည် ဆွေးနွေးမှုတွေ ပြုလုပ်နေကြပါတယ်။ အယ်လ်ဟီလယ်ဆီ ပြောင်းရွှေ့သွားတဲ့ ဘန်ဇီးမား(၃၈ နှစ်)ရဲ့နေရာမှာ အစားထိုးဖို့ ကြိုးစားနေတဲ့ အယ်လ်အစ်တီဟတ်အပြင် အယ်လ်နာဆာအသင်းကလည်း ဆာလာကို ခေါ်ယူဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာ ပါဝင်နေပါတယ်။