လီဗာပူးတိုက်စစ်မှူးမိုဟာမက်ဆာလက်ကို အမိအရခေါ်ယူဖို့ အစီအစဉ်သစ်တွေ ထပ်မံချမှတ်လာတဲ့ ဆော်ဒီပရိုလိဂ်
လီဗာပူးအသင်းရဲ့အားထားရတဲ့တိုက်စစ်မှူးမိုဆာလက်က ဆော်ဒီကလပ်အယ်လ်အစ်တီဟတ်ရဲ့အဓိကပစ်မှတ်အဖြစ် တစ်ကျော့ပြန်ပေါ်ထွက်လာခဲ့ပါတယ်။
ဒါဟာ ပြိုင်ဘက်အယ်လ်ဟီလယ်ဆီ အယ်လ်အစ်တီဟတ်တိုက်စစ်မှူးဘန်ဇီးမားပြောင်းရွှေ့သွားခဲ့ပြီးနောက် ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတစ်ခုလည်း ဖြစ်ပါတယ်။
ဘန်ဇီမာရဲ့အပြောင်းအရွှေ့က ဆော်ဒီပရိုလိဂ်တစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့ပြီး ဝါရင့်ကစားသမားကြီး စီရော်နယ်လ်ဒိုကတောင် ဒီကိစ္စအပေါ် အတော်လေး ဒေါသထွက်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
winwin သတင်းဌာနရဲ့ ဖော်ပြချက်အရ အယ်လ်အစ်တီဟတ်ဟာ အသင်းအတွက် စူပါစတားအသစ်တစ်ဦးကို ရှာဖွေနေပြီး လီဗာပူးမှာရှိနေတဲ့ မိုဆာလက်ရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိမိုဆာလက်ဟာ နည်းပြအန်းစလော့လက်အောက်မှာ နေရာပြန်ရနေပေမယ့် လာမယ့်နွေရာသီမှာတော့ ပရီမီယာလိဂ်ရပ်ဝန်းမှ ထွက်ခွာတော့မယ်လို့ ခန့်မှန်းရပါတယ်။အခုရာသီအစောပိုင်း၊ လိဒ်နဲ့သရေကျခဲ့တဲ့ပွဲစဉ်အပြီး ကလပ်အသင်းရဲ့သစ္စာဖောက်မှုကို ခံစားနေရတယ်လို့ ယုံကြည်မိကြောင်း မိုဆာလက်က အင်တာဗျူးအစီအစဉ်တစ်ခုမှာ ဖွင့်ဟခဲ့ရာ တင်းမာမှုအချို့ ပေါ်ပေါက်ခဲ့ပါတယ်။
အီဂျစ်တိုက်စစ်မှူးဆာလက်က ဆော်ဒီပရိုလိဂ်ရဲ့ ရေရှည်ပစ်မှတ်တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာလည်း သူ့အတွက် ပေါင်သန်း၁၅၀တန်ကမ်းလှမ်းမှု ရှိခဲ့ဖူးပါတယ်။