The network connection is lost.

Banner Image

နယူးကာဆယ်ကိုအနိုင်ရဖို့ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရကြောင်းဖွင့်ဟလာတဲ့ အိုရိုင်လေ

မနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာ အနိုင်ရရှိဖို့အတွက် မန်စီးတီးအသင်းအနေနဲ့ အစွမ်းကုန် ကြိုးစားခဲ့ရတယ်လို့ နီကို အိုင်ရိုင်လေ က ပြောကြားလိုက်ပါတယ်။

အိုင်ရိုင်လေဟာ အသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ သွင်းဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့သူလည်း ဖြစ်ပါတယ်။

"ဒါဟာ တကယ်ကို ကြီးမားတဲ့ ရလဒ်တစ်ခုပါပဲ" လို့ ပွဲအပြီးမှာ အဆိုပါကွင်းလယ်လူက ပြောပါတယ်။

"ကျွန်တော်တို့ ဒီပွဲကို နိုင်မှတ် ၃ မှတ် ရဖို့အတွက် ရည်မှန်းချက်နဲ့ လာခဲ့တာပါ။ အခုဆိုရင် အမှတ်ကွာဟမှုကို လျှော့ချနိုင်ခဲ့ပြီဖြစ်လို့ အနိုင်ရလဒ်အတွက် ကျွန်တော်တို့အားလုံး အရမ်းကို စိတ်လှုပ်ရှား ပျော်ရွှင်နေကြပါတယ်။ သူတို့က ပွဲပြီးခါနီးအထိ ကျွန်တော်တို့ကို အတော်လေး ဖိအားပေးခဲ့ပါတယ်။ ဒုတိယပိုင်း တောက်လျှောက်မှာလည်း သူတို့တွေ ဂိုးဧရိယာထဲကို ဘောလုံးတွေ အဆက်မပြတ် ပို့ပေးနေခဲ့တာပါ။ ကျွန်တော်တို့ အသင်းသားတိုင်းဟာ ၁၂၀ ရာခိုင်နှုန်းလောက်အထိ အစွမ်းကုန် ကြိုးစားခဲ့ကြတာဖြစ်ပြီး ပွဲတိုင်းမှာလည်း အခုလိုမျိုး ကြိုးစားအားထုတ်မှုတွေ လိုအပ်ပါတယ်" လို့ အိုင်ရိုင်လေ က ဆိုပါတယ်။