The network connection is lost.

Banner Image

ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ထိပ်သီးကလပ်တွေရဲ့ကမ်းလှမ်းမှုကိုငြင်းပယ်ခဲ့တဲ့ မွိုက်စ်ကင်း

မွိုက်စ်ကင်းအနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ဖီအိုရင်တီးနားအသင်းကနေ အလွယ်တကူ ထွက်ခွာသွားနိုင်တဲ့ အခွင့်အရေးရှိခဲ့တာကို သိရှိရပါတယ်။

ကင်းဟာ ဖီအိုရင်တီးနားအသင်းရဲ့ နောက်ဆုံး စီးရီးအေ နှစ်ပွဲဆက်နိုင်ပွဲတွေမှာ အဓိကနေရာကနေ ပါဝင်ခဲ့သူပါ။ ကိုမိုအသင်းကို အနိုင်ရတဲ့ပွဲမှာ ပင်နယ်တီကနေတဆင့် ဂိုးသွင်းယူခဲ့သလို ပီဆာနဲ့ပွဲမှာလည်း အသင်းအတွက် ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။

ဒီရလဒ်နှစ်ခုကြောင့် ဖီအိုရင်တီးနားဟာ တန်းဆင်းဇုန်ထဲကနေ ရုန်းထွက်နိုင်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၁၆ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လကသာ ကင်းက အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် အခြေအနေတွေက အခုလို ဖြစ်လာမှာ မဟုတ်ပါဘူး။

ပရီးမီးယားလိဂ်က ဖူလ်ဟမ်၊ ပြင်သစ်က ပါရီအက်ဖ်စီနဲ့ အထူးသဖြင့် ဆီမြွန်နီ အင်ဇာဂီရဲ့ အယ်လ်ဟီလာအသင်းတို့ဟာ ဆောင်းရာသီ အပြောင်းအရွှေ့တုန်းက ကင်းကိုခေါ်ယူဖို့ အလေးအနက် ကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ သူကတော့ အသင်းအပေါ် သစ္စာရှိရှိနဲ့ ဖီအိုရင်တီးနားကို တန်းဆင်းဇုန်ကနေ ကယ်တင်ပေးဖို့ပဲ ရွေးချယ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီရာသီမှာ ဘာတွေပဲဖြစ်ဖြစ် လာမယ့်နွေရာသီမှာတော့ အပြောင်းအလဲတွေ ရှိလာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကင်းရဲ့ စာချုပ်ထဲမှာ ယူရို ၆၂ သန်းတန် စာချုပ်ဖျက်သိမ်းကြေးက အသက်ဝင်လာတော့မှာ ဖြစ်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။