The network connection is lost.

Banner Image

ဒိုင်နမိုဇာဂရက် ဥက္ကဋ္ဌ ဘိုဘန်က မိုဒရစ်ကို ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းနေ

ဇိုနီမီယာ ဘိုဘန်ဟာ သူရဲ့အသင်းဟောင်း အေစီမီလန်ဆီကနေ ခရိုအေးရှားကြယ်ပွင့် လူကာ မိုဒရစ်ကို ပြန်လည်ခေါ်ယူဖို့ ခြေလှမ်းပြင်နေတာ ဖြစ်ပါတယ်။

အေစီမီလန်အသင်းဟာ ဝါရင့်ကွင်းလယ်လူ မိုဒရစ်ကို နောက်ထပ်တစ်ရာသီ ဆက်ထိန်းထားဖို့ ကြိုးစားနေတယ်လို့ အီတလီမီဒီယာ တော်တော်များများမှာ မကြာသေးခင်က ဖော်ပြခဲ့ကြပါတယ်။ မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်မှာ ၁၃ ရာသီကြာ ကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီကမှ အေစီမီလန်အသင်းနဲ့ တစ်နှစ်စာချုပ် ချုပ်ဆိုကာ ပြောင်းရွှေ့လာခဲ့တာပါ။

အခုအခါမှာတော့ Il Gazzetta dello Sport သတင်းဌာနက မိုဒရစ်ရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်နေပြီလို့ ဖော်ပြလာပါတယ်။

ဒိုင်နမိုဇာဂရက်အသင်းဟာ ကမ္ဘာ့ဖလားအပြီးမှာ မိုဒရစ်ကို ပြန်လည်ခေါ်ယူချင်နေတာပါ။ ဒီအပြောင်းအရွှေ့အတွက် အဓိကသော့ချက်ကတော့ ဒိုင်နမိုဥက္ကဋ္ဌ ဘိုဘန်ပဲ ဖြစ်ပါတယ်။ ဘိုဘန်ဟာ မိုဒရစ် ငယ်စဉ်ကတည်းက အားကျခဲ့ရတဲ့ စံပြကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

မိုဒရစ်ကလည်း သူငယ်စဉ်က ဘိုဘန် ကစားခဲ့တာကြောင့် အေစီမီလန်အသင်းကို အားပေးခဲ့တာလို့ အရင်က ပြောဖူးပါတယ်။ ဒါပေမဲ့ မိုဒရစ်အနေနဲ့ ဒိုင်နမိုဇာဂရက်ကို ပြန်သွားဖို့ကတော့ သေချာရေရာခြင်း မရှိသေးပါဘူး။

အေစီမီလန်က သူ့ကို ဆက်ထိန်းထားချင်ပေမဲ့ အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ မိုဒရစ်ကိုယ်တိုင် ဆက်နေချင်မှသာ ၁၂ လ သက်တမ်းတိုးခွင့်ကို အသုံးပြုမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိုဒရစ်အနေနဲ့ ကမ္ဘာ့ဖလားအပြီးမှာ ဘောလုံးသမားဘဝကနေ အနားယူဖို့ ရွေးချယ်သွားနိုင်တာကိုလည်း ချန်လှပ်ထားလို့ မရနိုင်ပါဘူး။