The network connection is lost.

Banner Image

အေစီမီလန်ကွင်းလယ်လူ ပိုဘီဂါကို ဘိုလော့ဂ်နာအသင်း အပြီးသတ်ခေါ်ယူ

ဘိုလော့ဂ်နာအသင်းဟာ အေစီမီလန်အသင်းကနေ အငှားနဲ့လာရောက်ကစားနေတဲ့ ကွင်းလယ်လူ တွမ်မာဆိုပိုဘီဂါကို အပြီးသတ်စာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

 ပိုဘီဂါရဲ့ အငှားစာချုပ်ထဲမှာပါဝင်တဲ့ ယူရို ၇ သန်းတန် အပြီးသတ်ဝယ်ယူခွင့်အပိုဒ်ကို အသုံးပြုပြီး ဘိုလော့ဂ်နာက အပိုင်ခေါ်ယူခဲ့တာပါ။

ဒီဝယ်ယူခွင့်အပိုဒ်ဟာ ဖေဖော်ဝါရီလအတွင်းမှာ ဘိုလော့ဂ်နာအသင်းအနေနဲ့ စီးရီးအေ ပထမဆုံးရမှတ် ရရှိခဲ့တာနဲ့တစ်ပြိုင်နက် အသက်ဝင်လာမှာဖြစ်ပြီး အခုတော့ တိုရီနိုအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ဒီအခြေအနေဟာ ပြည့်စုံသွားခဲ့ပြီ ဖြစ်ပါတယ်။

ကွင်းလယ်လူ ပိုဘီဂါဟာ ဘိုလော့ဂ်နာအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်ကို ချုပ်ဆိုမှာဖြစ်ပြီး နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်ဦးမှာပါ။ ပိုဘီဂါရဲ့ အပြောင်းအရွှေ့ဟာ မကြာသေးခင်ရက်ပိုင်းကမှ စာချုပ်သစ်ချုပ်ဆိုခဲ့ကြတဲ့ မာစီမိုပက်ဆီနာ၊ ဆန်တီယာဂိုကက်စထရိုနဲ့ ဂျန်အော့ဂတ်တို့ရဲ့ သတင်းတွေအပြီးမှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။