The network connection is lost.

Banner Image

ယူနိုက်တက်အသင်းအနေနဲ့ ချဲလ်ဆီးကို အနိုင်ရရှိခဲ့တဲ့ပွဲကနေ အရှိန်ရယူသွားဖို့ အာမိုရင်တိုက်တွန်း

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်က အိုးလ်ထရဖို့ဒ်မှာလွယ်ကူစွာအနိုင်ရသင့်တဲ့ပွဲစဉ်ဖြစ်ခဲ့ပေမဲ့ အသင်းက အခက်အခဲတွေဖန်တီးခဲ့တယ်" လို့ဝန်ခံပြီး ချဲလ်ဆီးအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲကနေ အရှိန်ရယူသွားဖို့တိုက်တွန်းခဲ့ပါတယ်။

ရောဘတ်ဆန်ချက်ဇ် အနီကတ်ပြခံရပြီး ဘရူနိုဖာနန်ဒက်စ်နဲ့ ကတ်စ်မဲရိုးတို့ရဲ့သွင်းဂိုးတွေကြောင့် ယူနိုက်တက်အသင်းက ဂိုးပြတ်အနိုင်ရဖို့ နီးစပ်ခဲ့ပါတယ်။  ဒါပေမဲ့ ကတ်စ်မဲးရိုပါ ပထမပိုင်းမပြီးခင်မှာထုတ်ပယ်ခံခဲ့ရတာကြောင့် ဒုတိယပိုင်းမှာ အခက်အခဲတွေဖြစ်ပေါ်ခဲ့ပြီး ထရေဗော့ချာလိုဘတ်ရဲ့ နောက်ကျဂိုးကြောင့် ယူနိုက်တက်ပရိသတ်တွေ ရင်တမမဖြစ်ခဲ့ရပါတယ်။

ပွဲအပြီးမှာ အာမိုရင်က "ဒါကတကယ်ကိုအရေးကြီးပါတယ်၊ ကျွန်တော်တို့က အနိုင်ရဖို့ထိုက်တန်ပါတယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ကပွဲကောင်းကောင်းစတင်နိုင်ခဲ့ပါတယ်။ ဖိအားပေးကစားနိုင်ခဲ့ပြီး ပြိုင်ဘက်ကိုဖိအားပေးနိုင်ခဲ့တယ်၊ ကျွန်တော်တို့အဲဒီမှာရှိနေတယ်ဆိုတာကိုပါ ပရိသတ်တွေသိမြင်အောင်ပြသနိုင်ခဲ့ပါတယ်။ ဂိုးသမားအထုတ်ခံလိုက်ရတာကလည်း ကျွန်တော်တို့ကိုအများကြီးအထောက်အကူပြုခဲ့ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ကစားကွက်ကိုထိန်းချုပ်ထားနိုင်ပြီး ဂိုးနှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်"လို့ ပြောခဲ့ပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြက သူတို့အသင်းက အခြေအနေကောင်းနေချိန်မှာတောင် ကိုယ့်ကိုယ်ကိုယ်အခက်တွေ့အောင်လုပ်တတ်တဲ့အကျင့်နဲ့ပတ်သက်ပြီး "အားလုံးအဆင်ပြေနေတဲ့အချိန်မှာ အထုတ်ခံရတာနဲ့ အခက်အခဲတွေဖြစ်ပေါ်ခဲ့တာပါပဲ။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့တယ်လို့ထင်ပါတယ်၊ ဒါပေမဲ့ နောက်ဆုံး ၁၅ မိနစ်လောက်မှာတော့ ခက်ခဲခဲ့ပါတယ်။ သူတို့ကဂိုးတစ်ဂိုးသွင်းယူခဲ့ပြီး ကျွန်တော်တို့အားလုံးအတူတူခံစားခဲ့ရပေမဲ့လည်း အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်" လို့ပြောပါတယ်။

အဆိုပါအနိုင်ရလဒ်ကြောင့် ယူနိုက်တက်အသင်းဟာ အဆင့် ၁၀ နေရာကို တက်ရောက်သွားခဲ့ပါတယ်။ ဆက်လက်ပြီး အာမိုရင်က "ဒီအချိန်မှာ အခြေအနေတွေက အရမ်းခက်ခဲနေတာကြောင့် ကျွန်တော်တို့အနေနဲ့ အနိုင်ရရှိဖို့လိုအပ်တဲ့စိတ်ဓာတ်ရှိနေပါတယ်၊ကျွန်တော်တို့ကွင်းထဲကိုရောက်တဲ့အခါမှာ ရလဒ်နှစ်မျိုး (သို့) သုံးမျိုးမရှိပါဘူး၊ ရလဒ်တစ်ခုပဲရှိပါတယ်၊ အဲဒါက အနိုင်ရရှိရေးပါပဲ... အဲဒါက နောက်ထပ်လေ့ကျင့်ရေးမှာ စတင်မှာဖြစ်ပြီး နောက်ပွဲမှာစမှာမဟုတ်ပါဘူး"လို့ ဆိုပါတယ်။