
ပရိသတ်တွေရဲ့အဆိုးမြင်မှုကို ယူရိုပါလိဂ်ရယူနိုင်မယ်ဆိုရင် ဖြေဖျောက်နိုင်မယ်လို့ ပိုစတီကိုဂလူ အခိုင်အမာဆို
တော့တင်ဟမ်နည်းပြ ပိုစတီကိုဂလူက မိမိတို့အသင်းအနေနဲ့ ပရိသတ်တွေရဲ့အဆိုးမြင်မှုကို ယူရိုပါလိဂ်ဖလားရယူနိုင်မယ်ဆိုရင် ဖြေဖျောက်နိုင်မယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ တော့တင်ဟမ်ဟာ ဒီရာသီမှာရလဒ်တွေဆိုးဝါးနေပေမယ့် ယူရိုပါလိဂ်မှာ အခြေအနေကောင်းနေပြီး ပထမအကျော့မှာ ဘိုဒိုအသင်းကို ၃-၁ နဲ့ အနိုင်ရရှိထားခဲ့ပါတယ်။
သြစတြေးလျသားကလည်း ဒီရာသီမှာ အသင်းအနေနဲ့ ယူရိုပါလိဂ်ချန်ပီယံဖြစ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ “လူတွေက သူတို့မှာ အတွေ့အကြုံရှိသလို တော့တင်ဟမ်ပရိသတ်တွေကလည်း ဆုဖလားတွေနဲ့ ကပ်လွဲခဲ့တာကြာပါပြီ။ ဒါကြောင့် ဒီလိုအခြေအနေတွေနဲ့ပတ်သက်ပြီး ထိလွယ်ရှလွယ်ဖြစ်နေပါတယ်။
ဆုဖလားအောင်မြင်မှုကသာလျှင် ဒီထောင်ချောက်ကို ကျော်ဖြတ်နိုင်မှာပါ။အနိုင်ရသူတွေဆိုရင် အခုလိုမျိုးတွေးမှာမဟုတ်ပါဘူး။ သူတို့ ဘာတွေမှားနေလဲဆိုတာ မတွေးဖြစ်လောက်ပါဘူး။
ကျွန်တော်အရင်ကပြောသလို အသင်းက အများကြီးအပေါင်းလက္ခဏာဆောင်နေတာမဟုတ်ပါဘူး။ ဆုဖလားမရတာလည်း အချိန်အတော်ကြာပါပြီ။ ခင်ဗျားအနေနဲ့ အဲ့တာကို ကျော်ဖြတ်ဖို့လိုအပ်ပါတယ်။ ကျွန်တော် ဒီအစုအဖွဲ့နဲ့ ယဉ်ကျေးမှုတစ်ခုဖန်တီးနိုင်ဖို့ ကြိုးစားနေတာပါ။ အနည်းဆုံးအဲ့တာက ကျွန်တော်တို့ ကံကြမ္မာကို လမ်းမပြနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အဲ့တာက ကိုယ့်အတွက်ကိုယ်ဖြည့်တင်းနေတာပါ။
တကယ်လို့ မျှော်လင့်ချက်တွေက တစ်ခုခုမှားယွင်းနေတယ်ဆိုရင် အဲ့တာက ဖြစ်နိုင်ပါတယ်။ အသင်းထဲမှာ ယဉ်ကျေးမှုတစ်ခုဖြစ်နေလားဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့ လုပ်ဆောင်ရမှာက ဆုဖလားအောင်မြင်မှုရဖို့ပါ။အသင်းအပြင်ဘက်ကိုလည်း ထိန်းချုပ်နိုင်လားဆိုတဲ့မေးခွန်းအပေါ်လည်း ပိုစတီက “နိုး။ ကျွန်တော် မထိန်းချုပ်နိုင်ပါဘူး။ ကျွန်တော်ကြိုးစားခဲ့တယ်လို့ပြောရင် မျှတပါတယ်။ ဒါပေမယ့် အဲ့တာက ရှုံးနိမ့်နေတဲ့တိုက်ပွဲပါ။ ဘာလို့လဲဆိုတော့ လူတွေက အမျိုးမျိုးရှိတာကြောင့်ပါ။
တကယ်လို့ တစ်စုံတစ်ခုနဲ့ပတ်သက်ပြီး မလုံခြုံသလိုခံစားရရင် လူအယောက် ၂၀ လောက်က ခင်ဗျားမလုံခြုံတော့ဘူးပြောရင် အဲ့တာ တကယ်မလုံခြုံတော့တာပါ။ ဒါကြောင့် ကျွန်တော် အဲ့တာကို မပြောင်းလဲနိုင်ပါဘူး။ ခင်ဗျားအနေနဲ့ ခင်ဗျားလုပ်နေတာတွေကိုပဲ အာရုံစိုက်ရမှာပါ။ ကျွန်တော်တို့ ထိန်းချုပ်နိုင်တာက ကျွန်တော်တို့ အပြုအမူ နဲ့ စွမ်းဆောင်ရည်ပါပဲ”လို့ ဖြေကြားခဲ့ပါတယ်။
တော့တင်ဟမ်ဟာ ယူရိုပါလိဂ်ပထမအကျော့မှာ ဘိုဒိုကိုအနိုင်ရရှိထားတာကြောင့် အားသာချက်ရှိနေပေမယ့် ယခင် ကာရာဘောင်တုန်းကလည်း လီဗာပူးကိုအသာရခဲ့ပေမယ့် ပြန်လည်အရေးနိမ့်ခဲ့သေးတာဖြစ်ပါတယ်။ တော့တင်ဟမ်အနေနဲ့ ၁၇ နှစ်အတွင်း ပထမဆုံးဆုဖလားရယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး ယူရိုပါလိဂ်က မျှော်လင့်ချက်ရှိနေတာဖြစ်ပါတယ်။