The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ရဲ့ချိတ်ဆက်မှုတွေရှိပေမယ့် ဆာလီဘာ အသင်းမှထွက်ခွာမှာမဟုတ်ကြောင်း အာတီတာအတည်ပြု

အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက အသင်းရဲ့အားထားရတဲ့ ဗဟိုခံစစ်မှူး ဝီလီယမ်ဆာလီဘာဟာ ရီးရဲလ်မက်ဒရစ်ရဲ့ချိတ်ဆက်မှုတွေနဲ့ ကြုံတွေ့ထားရပေမယ့် အမ်းမရိတ်စ်ကနေ ထွက်ခွာသွားမှာမဟုတ်ဘဲ ဆက်ရှိနေမှာဖြစ်ကြောင်း အတည်ပြုပြောကြားလာခဲ့ပါတယ်။ 

ရီးရဲလ်မက်ဒရစ်ဟာ အသင်းရဲ့နောက်တန်းဒဏ်ရာပြဿနာကိုဖြေရှင်းဖို့အတွက် ဆာလီဘာကို ပစ်မှတ်ထားနေတာဖြစ်ပြီး လာမယ့်နွေရာသီမှာ ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ မကြာသေးမီရာသီတွေမှာ ခြေစွမ်းတိုးတက်လာတဲ့ ဆာလီဘာဟာ လက်ရှိအချိန်မှာတော့ ကမ္ဘာ့အကောင်းဆုံး ဗဟိုခံစစ်မှူးအဖြစ် ချီးကျူးခံနေရပြီး ဒီရာသီမှာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၄၈ ပွဲအထိ ပွဲထွက်ပါဝင်ကစားခွင့်ရထားပါတယ်။ 

ပြင်သစ်လက်ရွေးစင်ဟာ အာဆင်နယ်နဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးသလို၊ မကြာမီမှာ သက်တမ်းတိုးဖို့အတွက် စာချုပ်သစ်ချုပ်ဆိုသွားဖွယ်ရှိနေတယ်လို့လည်း သတင်းတွေထွက်ပေါ်ထားပါတယ်။ ယခုအခါမှာ အာတီတာကလည်း ဆာလီဘာနဲ့ ပတ်သက်ပြီး ကောလာဟလတွေထွက်ပေါ်နေကြောင်း ဝန်ခံခဲ့ပေမယ့် အသင်းမှာဆက်လက်ထိန်းသိမ်းသွားမှာဖြစ်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 

စပိန်သားနည်းပြက "ဆာလီဘာ အသင်းမှာဆက်ရှိနေမယ်ဆိုတာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင် သူနဲ့စကားပြောကြည့်ခဲ့ပြီး သူကလည်း အသင်းမှာပျော်ရွှင်တယ်လို့ ပြောပါတယ်။ ပြီးတော့ ကျွန်တော်တို့နဲ့အတူတူ ရှေ့ဆက်နိုင်ဖို့လည်း ရည်ရွယ်ထားတယ်လို့ ပြောပါတယ်"

"အနာဂတ်မှာ ဆွေနွေးညှိနှိုင်းမှုတွေရှိလာနိုင်ပေမယ့် ကျွန်တော့်အနေနဲ့ သူ့ကို အာဆင်နယ်အတွက်ပဲ ဦးစားပေးရွေးချယ်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဒီမှာနေရတာပျော်နေပြီး ဒီနေရာက သူနေချင်တဲ့နေရာဖြစ်နေလို့ပါပဲ" လို့ပြောကြားခဲ့ပါတယ်။