The network connection is lost.

Banner Image

ဗန်ကီတက်ရှမ် ထွက်ခွာသွားပြီးနောက် စီအီးအိုအသစ် ရှာဖွေနေတဲ့ အာဆင်နယ်အသင်း

အာဆင်နယ်အသင်းသည် ၎င်းတို့၏ အမှုဆောင် ရာထူးအတွက် အက်စကော့ မြင်းပြိုင်လုပ်ငန်းဂုရုကြီးဖြစ်သော ဖလစ်စီတီဘားနက်ကို ခန့်အပ်ဖို့စီစဉ်နေကြောင်း သိရပါတယ်။

ဖလစ်စီတီဘားနက်သည် လန်ဒန်နှင့် စင်္ကာပူရှိ ဂန်းနားများအတွက် အလုပ်လုပ်ခဲ့ပြီး ဝက်စ်ဟမ်းနှင့်လည်း လက်တွဲလုပ်ကိုင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ အက်စကော့လုပ်ငန်းစုရဲ့ လက်ထောက် အမှုဆောင် နှင့် စီးပွားရေး ဒါရိုက်တာရာထူးကို ရယူထားတဲ့အပြင် သူမဟာ ဂရိတ်ဗြိတိန် မြင်းပြိုင်ပွဲများအတွက် ဒါရိုက်တာလည်း ဖြစ်ပါတယ်။

ဖလစ်စီတီဘားနက် သည် ၂၀၀၄ ခုနှစ်တွင် ဘာမင်ဂမ် တက္ကသိုလ်မှ သတ္တုနှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာ သိပ္ပံ ဘွဲ့ရရှိခဲ့သူဖြစ်ပါတယ်။ လာမည့်နွေရာသီတွင် အာဆင်နယ်အသင်း၌ ၁၄ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့သော ဗန်ကီတက်ရှမ် အသင်းမှ ထွက်ခွာမည်ဖြစ်ကြောင်း အတည်ပြုပြောကြားပြီးနောက်တွင် အာဆင်နယ်ဘက်မှ ၎င်းကို စိတ်ဝင်စားလာခြင်းဖြစ်ပါတယ်။

ဗန်ကီတက်ရှမ်ဟာ ၂၀၁၀ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ပါတနာများ၏အကြီးအကဲအဖြစ် ရောက်ရှိလာပြီးနောက် လွန်ခဲ့သည့် သုံးနှစ်ခန့်က အာဆင်နယ်အသင်းရဲ့ အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဗန်ကီတက်ရှမ်သည် ဗြိတိန်အိုလံပစ်အသင်း၏ အမှုဆောင်မဟုတ်သော ဒါရိုက်တာတစ်ဦးလည်းဖြစ်ပါတယ်။

ဂန်းနားအသင်းမှ နုတ်ထွက်ခြင်းသည် "ခက်ခဲသောဆုံးဖြတ်ချက်" ဖြစ်ကြောင်း ဝန်ခံခဲ့ပြီး သူက "ချောမွေ့တဲ့ အသွင်ကူးပြောင်းရေးကို ကြီးကြပ်ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်"လို့ ဗန်ကီတက်ရှမ်က ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဒါရိုက်တာ ခရွန်ကီ နှင့် ကလပ်ဘုတ်အဖွဲ့သည် "သူ၏နောက်ထပ်စိန်ခေါ်မှုကို လိုက်ချင်သော ၎င်း၏ဆန္ဒကို အပြည့်အဝထောက်ခံသည်" ဟု ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ခရွန်ကီက "အပြောင်းအလဲနဲ့ လူစားထိုးမှုတွေ အတွက် အာဆင်နယ်အသင်းဟာ ကောင်းကောင်းပြင်ဆင်ထားပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းသည် ဗန်ကီတက်ရှမ်လက်အောက်တွင်  ၂၀၁၉ ခုနှစ်မှစပြီး အာတီတာက မန်နေဂျာအဖြစ် တာဝန်ယူပြီးနောက် ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။