The network connection is lost.

Banner Image

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ့ရဲ့ခြေစွမ်းကိုသက်သေပြသွားဦးမယ်လို့ ပြောကြားလိုက်တဲ့ မူလာ

ဘိုင်ယန်မြူးနစ်အသင်းရဲ့ဝါရင့်တိုက်စစ်မှူး သောမတ်စ်မူလာက မကြာခင်မှာစတင်ကျင်းပသွားတော့မယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ့ရဲ့ခြေစွမ်းကို ထပ်မံသက်သေပြသွားဦးမယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။  ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီအတွင်း မူလာဟာ ဗင်းဆင့်ကွန်ပနီရဲ့ဦးဆောင်မှုနဲ့အတူ ဂျာမန်ဘွန်ဒက်စ်လီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ကွန်ပနီအတွက်လည်း ဘိုင်ယန်နည်းပြဘဝ ပထမဆုံးဆုဖလားဖြစ်ခဲ့ပါတယ်။ 

ယခုအခါမှာတော့ မူလာက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့အတွက်စိတ်လှုပ်ရှားစရာပြိုင်ပွဲတစ်ခုဖြစ်ကြောင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလာပြိုင်ပွဲကျင်းပသွားမယ့် အမေရိကန်နိုင်ငံမှာ သွားရောက်ကစားရမှာဖြစ်လို့ စိတ်ဝင်စားစရာပိုကောင်းစေတယ်လို့ ပြောကြားလာခဲ့ပါတယ်။  ဂျာမန်လက်ရွေးစင်ဟောင်းက "ပထမဆုံးအချက်အနေနဲ့ ဒီနှစ်ကလပ်ကမ္ဘာ့ဖလားပုံစံက ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့နဲ့ပုံစံတူနေပါတယ်။ အရင်တုန်းက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဆိုရင် အသင်းအရေအတွက်က လက်တစ်ဆုပ်စာပဲရှိပါတယ်"

"အခုတော့ ကမ္ဘာ့အနှံ့အပြားအသင်း‌တွေ ပိုမိုပါဝင်လာနိုင်ပါတယ်။ ပြီးတော့ ၂၀၂၆ ကမ္ဘာ့ဖလားကျင်းပသွားမယ့်နိုင်ငံမှာ ကစားသွားမှာဖြစ်လို့ ပိုပြီးတော့ စိတ်လှုပ်ရှားမိပါတယ်။ ကမ္ဘာအနှံ့ကနေ ဥရောပအသင်းတွေကိုအားပေးနေတဲ့ပရိသတ်တွေအနေနဲ့လည်း သူတို့အားပေးတဲ့အသင်းတွေနဲ့ ကစားသမားတွေကို မြင်တွေ့ရဖို့ အခွင့်အရေးရှိပါတယ်။ ဒါကြောင့် ဒီမှာမရနိုင်တဲ့ပျော်ရွှင်မှုမျိုးကို ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရရှိသွားနိုင်မယ်ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဗင်းဆင့်ကွန်ပနီကလည်း အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာနဲ့ယှဉ်ပြိုင်သွားရမယ့် ပွဲစဉ်အတွက် စိတ်လှုပ်ရှားမိကြောင်း "ဘိုကာဂျူနီယာနဲ့ပွဲစဉ်က ထူးခြားတဲ့ပွဲစဉ်ဖြစ်လာမှာပါ။ အာဂျင်တီးနားပြည်တွင်းလိဂ်မှာ အသင်းကောင်းတွေအများကြီးရှိတယ်ဆိုတာ ဆိုရှယ်မီဒီယာကနေ ကျွန်တော်တို့ မြင်တွေ့လာရပါတယ်။ ဒီလို သမိုင်းဝင်ဘောလုံးအသင်းတွေနဲ့ကစားရမှာက ထူးခြားပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

 ဆက်လက်ပြီး မူလာက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ့ရဲ့ခြေစွမ်းကို သက်သေပြဖို့ အဆင်သင့်ရှိနေကြောင်းကို "ကျွန်တော်တို့ မတူညီတဲ့ယဉ်ကျေးမှုနဲ့ မတူညီတဲ့အသင်းတွေကို ယှဉ်ပြိုင်သွားရမှာပါ။ ရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်ဖို့ အရင်ဆုံးကြိုးစားသွားပါမယ်။ ဘောလုံးကိုရူးသွပ်တဲ့အသင်းတွေဖြစ်လို့ ပြိုင်ဆိုင်မှုပြင်းထန်မှာတော့သေချာပါတယ်"

"ကျွန်တော့်အနေနဲ့ ဘာတွေလုပ်နိုင်တယ်ဆိုတာ နောက်ထပ်တစ်ကြိမ် သက်သေပြသွားပါဦးမယ်။ ဒီလိုအဆင့်မျိုးကိုရောက်ဖို့က ထင်သလောက်မလွယ်ကူပါဘူး။ ဆုဖလားပြိုင်ပွဲတွေမှာအနိုင်ရပြီး ခြေစွမ်းကောင်းတဲ့အသင်းတွေကို စိန်ခေါ်သွားရမှာပါ" လို့ပြောကြားခဲ့ပါတယ်။