The network connection is lost.

Banner Image

ဘိုင်ယန်ထံပြောင်းရွှေ့ခဲ့တာက စောလွန်းကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ လိုက်ပ်ဇစ်နည်းပြဟောင်း

ဂျာမနီအသင်းနည်းပြ နာဂယ်စမန်းက ဘိုင်ယန်ကိုပြောင်းရွှေ့ခဲ့တာက စောလွန်းခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ နာဂယ်စမန်းဟာ ဂျာမန်နည်းပြသမိုင်းတစ်လျှောက် ဈေးအကြီးဆုံးနည်းပြဖြစ်ခဲ့ပြီး ၂၀၂၁ လိုက်ပ်ဇစ်ထံကနေ ပြောင်းရွှေ့လာချိန်မှာ ဘိုင်ယန်က ပေါင် ၂၂ သန်းပေးချေခဲ့ရပါတယ်။

ပွဲဦးထွက်ရာသီမှာ နာဂယ်စမန်းတစ်ယောက် ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်ခဲ့ပေမယ့် ချန်ပီယံလိဂ်ကနေထွက်ခွာခဲ့ရပါတယ်။ အဲ့နောက်တစ်ရာသီမှာတော့ ရလဒ်တွေဆိုးဝါးခဲ့ပြီးနောက် အဝတ်လဲခန်းထဲမှာလည်း ပြဿနာတက်ခဲ့ကာ တူချယ်က ၂၀၂၃ မှာ သူ့နေရာကို အစားဝင်ခဲ့ပါတယ်။ အသက် ၃၃ နှစ်သားက ဘိုင်ယန်အတွက် လိုက်ပ်ဇစ်ကနေထွက်ခွာခဲ့ပြီး အခုချိန်မှာမှ သူ့အနေနဲ့ လိုက်ပ်ဇစ်မှာ ဆက်နေခဲ့သင့်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

“ပြန်ကြည့်မယ်ဆိုရင် ကျွန်တော် လိုက်ပ်ဇစ်ကထွက်ခွာတာ စောလွန်းခဲ့တယ်လို့ ထင်ပါတယ်။ ကစားသမားတွေထဲမှာလည်း စောစောထွက်ခွာခဲ့တဲ့ကစားသမားတွေရှိတတ်ပါတယ်။ ကျွန်တော်ဘိုင်ယန်ကိုပြောင်းတာ အမှားမဟုတ်ခဲ့ပဲ စောလွန်းခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်လေးစားမှုရှိစွာနဲ့ပြောချင်တာက အဲ့တာတော်တော်လေး အဆင်ပြေခဲ့တာပါ။ အသင်းနဲ့အတူ အောင်မြင်မှုအများကြီးရယူနိုင်ခဲ့ပါတယ်”လို့ နာဂယ်စမန်းက ပြောကြားခဲ့ပါတယ်။

လိုက်ပ်ဇစ်အမှုဆောင် အိုလီဗာကလည်း နာဂယ်စမန်းကို လက်လွှတ်ခဲ့တာနဲ့ ပတ်သက်ပြီး “ကျွန်တော့်အတွက် နာဂယ်စမန်းက အကောင်းဆုံးနည်းပြတွေထဲကတစ်ဦးပါ။ ထူးချွန်တဲ့နည်းပြပါ”လို့ ဖြေကြားခဲ့ပါတယ်။ဂျာမနီအသင်းကိုကိုင်တွယ်နေတဲ့ နာဂယ်စမန်းဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအောင်မြင်မှုရအောင် ဦးဆောင်ရမှာဖြစ်ပါတယ်။