The network connection is lost.

Banner Image

ပေါင် ၂၅ သန်းတန် ကစားသမားရဲ့နေရာမှာ ချဲလ်ဆီးအသင်း ခေါ်ယူနိုင်မယ့် ဂိုးသမား ၂ ဦးရဲ့ နာမည်ကို ပြောကြားလိုက်တဲ့ ကာရေဂါ

စပိန်လက်ရွေးစင် ဂိုးသမားဟာ ၂ နှစ်အကြာက ဘရိုက်တန်အသင်းကနေ ချဲလ်ဆီးအသင်းကို ရောက်ရှိလာခဲ့ပေမဲ့ ကလပ်ရဲ့ ရေရှည်နံပါတ် ၁ နေရာအတွက် ထိုက်တန်ကြောင်း ယုံကြည်အောင် လုပ်နိုင်ဖို့ ရုန်းကန်နေရပါတယ်။ ဆန်းချက်ဇ် ဟာ နည်းပြ မာရက်စ်ကာ နဲ့ သူ့ရဲ့နည်းပြဟောင်း မော်ရစ်ဆီယို ပိုချက်တီနို လက်အောက်မှာ အဆင့်လျှော့ခံခဲ့ရပေမဲ့ ကမ္ဘာ့ကလပ်ဖလားမှာ လက်စွမ်းပြခဲ့ပြီးနောက် ဒီရာသီအစမှာတော့ ပထမဦးစားပေး ဂိုးသမားအဖြစ် ပွဲထွက်ခွင့်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်အကုန်က ယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ ဆန်းချက်ဇ် ဟာ ၄ မိနစ်အကြာမှာ အထုတ်ခံခဲ့ရလို့ အသက် ၂၇ နှစ်အရွယ် ဂိုးသမားရဲ့ အရည်အချင်းအပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ပါတယ်။ အိုးလ်ထရက်ဖို့ဒ် ကွင်းမှာ ရှုံးနိမ့်ခဲ့တာက ဘရန့်ဖို့ဒ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့နဲ့ပွဲစဉ်တွေမှာ စိတ်ပျက်ဖွယ်ရလဒ်တွေ ထွက်ပေါ်ခဲ့ပြီးနောက် နည်းပြ မာရက်စ်ကာအတွက် နောက်ထပ် အနှောင့်အယှက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကာရေဂါကတော့ ထိပ်တန်းဂိုးသမားတစ်ဦးကို ခေါ်ယူဖို့ ဆန္ဒမရှိတာက ချဲလ်ဆီးနည်းပြကို ထိခိုက်စေတယ်လို့ စိုးရိမ်နေပါတယ်။

ကာရေဂါက သူ့ရဲ့ Daily Telegraph column မှာ “ပြီးခဲ့တဲ့ရာသီက ဂိုးသမား နဲ့ ဗဟိုနောက်ခံလူ နေရာတွေမှာ သိသာထင်ရှားတဲ့ အားနည်းချက်တွေ ရှိနေခဲ့ပါတယ်။ နွေရာသီမှာ ကစားသမားသစ် ၁၂ ဦး ရောက်ရှိလာခဲ့ပေမဲ့ အဲဒီနေရာတွေကပဲ အားနည်းနေတုန်းပါပဲ” လို့ ရေးသားခဲ့ပါတယ်။ “ချဲလ်ဆီးအသင်းက အေစီမီလန် ရဲ့ ပြင်သစ်ဂိုးသမား မိုက်မက်နွန် ကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမဲ့ ပေါင် ၁၂ သန်းထက် ပိုမပေးနိုင်ဘူးလို့ သတင်းစကား ပေးပို့ခဲ့ပါတယ်” လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။ “ဘာလို့ မပေးချင်တာလဲ” လို့ ကာရေဂါက မေးခွန်းထုတ်ခဲ့ပါတယ်။

“မန်စီးတီး ကတော့ ဖြေရှင်းဖို့ လိုအပ်တဲ့ သိသာထင်ရှားတဲ့ ပြဿနာရှိနေချိန်မှာ ရည်မှန်းချက်ကြီးတဲ့ ကလပ်တွေ ဘာလုပ်တယ်ဆိုတာကို ပြသခဲ့ပြီး ဂျီယန်လူဂီ ဒွန်နာရမ်မာ ကို ခေါ်ယူခဲ့ပါတယ်” “ဘာလို့ ချဲလ်ဆီးအသင်းက ပီအက်စ်ဂျီ ဂိုးသမားကို ခေါ်ယူဖို့ စဉ်းစားတဲ့နေရာမှာ မပါဝင်ခဲ့တာလဲ။ သူက သူတို့အတွက် အကြီးအကျယ် ပြောင်းလဲပေးနိုင်တဲ့ ကစားသမားတစ်ဦး ဖြစ်နိုင်ခဲ့ပါတယ်” လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ကစားသမားခေါ်ယူမှုတွေက နောက်ဆုံး ၂ ကြိမ်မှာ တိုက်စစ်ပိုင်းကို အဓိကထားပြီး အင်အားဖြည့်တင်းခဲ့ပေမဲ့ ကာရေဂါကတော့ သူတို့ရဲ့ မဟာဗျူဟာကို မေးခွန်းထုတ်ခဲ့ပါတယ်။ ကာရေဂါက ထပ်လောင်းပြီး “အရေးပေါ် အာရုံစိုက်ဖို့ လိုအပ်တဲ့ နေရာတွေအပေါ် အာရုံစိုက်မယ့်အစား ချဲလ်ဆီးအသင်းက တောင်ပံကစားသမားတွေ စုဆောင်းဖို့ပဲ စွဲလမ်းနေပုံရပါတယ်”

“ဂျေမီ ဂစ်တန်စ်၊ လူငယ်ကစားသမား အက်စ်တီဗာအို နဲ့ အလီဂျန်ဒရို ဂါနာချို တို့အားလုံးဟာ ဒီနွေရာသီမှာ ခေါ်ယူခဲ့တာပါ။ လာမယ့် ၂၀၂၆ နွေရာသီမှာ နောက်ထပ် တောင်ပံကစားသမားတစ်ဦး ရောက်ရှိလာဖို့ရှိပြီး သူတို့က စပို့တင်း လစ္စဘွန်းအသင်းနဲ့ လူငယ်ကစားသမား ဂျီယိုဗန်နီ ကွန်ဒါ အတွက် ပေါင်သန်း ၄၀ နဲ့ သဘောတူညီမှု ရယူထားပါတယ်”

“ဒီရာသီမှာ ရှိနေတဲ့ ကစားသမားတွေထဲက ဘယ်သူက ၁၂ လအကြာမှာ သူ့အတွက် နေရာပေးရမလဲ” “အသင်းလူစာရင်း မမျှတတဲ့အတွက် ချဲလ်ဆီးအသင်း ဒီရာသီမှာ လိဂ်ဖလားရရှိဖို့ အခွင့်အရေးမရှိပါဘူး။ ပြီးခဲ့တဲ့ရက်သတ္တပတ်အကုန်က ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ မာရက်စ်ကာ က ‘လီဗာပူး ကို မှီဖို့က မဖြစ်နိုင်တော့ဘူး’ လို့ ပြောကြားခဲ့ပြီး လက်တွေ့ကျတဲ့ပုံစံကို ပြသခဲ့ပါတယ်” လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။