
နည်းပြဟောင်း ပီအိုလီကို ဂုဏ်ပြုလိုက်တဲ့ ရော်နယ်ဒို
ဖီအိုရင်တီးနားအသင်းနည်းပြသစ်ဖြစ်လာတော့မယ့် နည်းပြဟောင်း ပီအိုလီကို အယ်လ်နာဆာစတား ရော်နယ်ဒိုက ဂုဏ်ပြုစကားဆိုလိုက်ပါတယ်။ အယ်လ်နာဆာကနေထွက်ခွာခဲ့ပြီးနောက် ပီအိုလီဟာ ဖီအိုရင်တီးနားအသင်းထံပြောင်းရွှေ့မှာဖြစ်ပြီး ရော်နယ်ဒိုက ပို့စ်တင်ခဲ့တာဖြစ်ပါတယ်။ လူမှုမီဒီယာကနေတစ်ဆင့် ရော်နယ်ဒိုက အရာအားလုံးအတွက် ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းကို ဆုတောင်းနေတဲ့အီမိုဂျေနဲ့ တင်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ပီအိုလီလက်အောက်မှာ ၃၆ ပွဲအတွင်း ၃၁ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပြီး အယ်လ်နာဆာအသင်းကလည်း အဆင့် ၃ နေရာနဲ့ရာသီသိမ်းခဲ့ပါတယ်။ လာမယ့်ရာသီသစ်အတွက် အယ်လ်နာဆာအသင်းဘက်က နည်းပြအသစ်ရှာဖွေနေတာဖြစ်ပါတယ်။ ပီအိုလီက မကြာခင်မှာ ဖီအိုရင်တီးနားနည်းပြဖြစ်လာတော့မှာဖြစ်ပြီး အေစီမီလန်နဲ့အတူ ၂၀၂၁ - ၂၂ ရာသီမှာ စီးရီးအေချန်ပီယံဆုကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။