
နှုတ်ဆက်ပွဲမှာ အိုးထရက်ဖို့ဒ်ပြန်လာမယ့် ယူနိုက်တက်စတားဟောင်း
ယူနိုက်တက်အသင်းဟာ ရာသီကြိုခရီးစဉ်မှာ စိတ်လှုပ်ရှားဖွယ်အစီအစဉ်တစ်ခုကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။ ယူနိုက်တက်ပရိသတ်တွေအနေနဲ့ ရာသီကြိုအစီအစဉ်မှာ ကာလရှည်ကစားပေးခဲ့တဲ့သစ္စာရှိတဲ့ကစားသမားတစ်ဦးဖြစ်တဲ့ ဒီဂီယာကို နှုတ်ဆက်ခွင့်ရရှိမှာဖြစ်ပါတယ်။
အသက် ၃၄ နှစ်သားဟာ လက်ရှိဖီအိုရင်တီးနားမှာ ကစားနေတာဖြစ်ပြီး သြဂုတ်လ ၉ ရက်နေ့မှာ ဖီအိုနဲ့အတူ အသင်းဟောင်းယူနိုက်တက်ထံ ပြန်လာခွင့်ရရှိမှာဖြစ်ပါတယ်။ မန်ချက်စတာကနေထွက်ခွာပြီးနောက် ဒီဂီယာဟာ ဖီအိုထံမပြောင်းခင် ဘောလုံးလောကကနေ ၁ ရာသီလောက်အနားယူခဲ့တာဖြစ်ပါတယ်။ အဲ့နောက် အီတလီမှာဘဝအသစ်ပြန်လည်စတင်ခဲ့ပြီး ဖီအိုရင်တီးနားအသင်း ဒီရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးမှာ အဓိကနေရာကနေ ပါဝင်နေတာဖြစ်ပါတယ်။ ဒီဂီယာမရှိတော့တဲ့နောက်ပိုင်း ယူနိုက်တက်ဟာ အိုနာနာကို အစားထိုးခေါ်ယူခဲ့ပေမယ့် စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
ယူနိုက်တက်နည်းစနစ်ဒါရိုက်တာ ဝီလ်ကော့စ်က “လာမယ့် ၂၀၂၅ - ၂၆ ရာသီအတွက် ရာသီကြိုခရီးစဉ်နောက်ဆုံးပွဲက အရေးပါတဲ့ပွဲပါ။ ကစားသမားတွေအတွက် ပြိုင်ပွဲတိုင်းက ထိပ်တန်းပြိုင်ဘက် ၊ မတူညီတဲ့ပတ်ဝန်းကျင်မှာ ကစားရမှာပါ။ ကျွန်တော်တို့ အာမိုရင်ရယ် သူ့နည်းပြအဖွဲ့ဝင်တွေရယ်နဲ့ အလုပ်အတူတူတွဲလုပ်နေပါတယ်။ အသင်းအနေနဲ့ သေချာလေးပြင်ဆင်မှုရအောင် အတူတူလုပ်ဆောင်နေပါတယ်။ ယူအက်စ်မှာ သန်မာတဲ့ပြိုင်ဘက်တွေနဲ့ကစားရမှာပါ။ ပရိသတ်တော်တော်များများလည်း အသင်းကို live မြင်ရမှာဖြစ်ပြီး နောက်ဆုံးပွဲကို အိမ်ကွင်းမှာကန်မှာပါ"”လို့ ဂျက်ဆင်က ပြောကြားခဲ့ပါတယ်။
ဖီအိုရင်တီးနားနဲ့ခြေစမ်းပွဲက ၁၉၉၉ - ၂၀၀၀ ခုနှစ်ချန်ပီယံလိဂ်အုပ်စုအဆင့်မှာတွေ့ဆုံခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်လာခဲ့ပြီး ယခင်တွေ့ဆုံမှုတုန်းက ဖီအိုရင် ၂-၀ နဲ့ အနိုင်ရခဲ့ပေမယ့် ယူနိုက်တက်က အိုးထရက်ဖို့ဒ်မှာ ၃-၁ နဲ့ ပြန်လည်အနိုင်ယူနိုင်ခဲ့ပါတယ်။