
အန်တိုနီရဲ့သွင်းဂိုးနဲ့ပတ်သက်ပြီး အံ့အားသင့်နေတဲ့ ယူနိုက်တက်စတားဟောင်း
ယူနိုက်တက်စတားဟောင်း ဒီဂီယာတစ်ယောက် အသင်းဖော်ဟောင်း အန်တိုနီရဲ့သွင်းဂိုးနဲ့ပတ်သက်ပြီး အံ့အားသင့်နေပါတယ်။ ဒီဂီယာ နဲ့ အန်တိုနီတို့ဟာ ယူနိုက်တက်မှာ အတူတူတွဲကစားခဲ့ဖူးတာဖြစ်ပြီး လေ့ကျင့်ခန်းလည်း အတူတူဆင်းခဲ့ဖူးတာဖြစ်ပါတယ်။
၂၀၂၃ မှာ ဒီဂီယာဟာ အလွတ်နဲ့ ယူနိုက်တက်ကနေထွက်ခွာခဲ့ပြီး အန်တိုနီကတော့ ၂၀၂၅ ဆောင်းဈေးကွက်မှာ ဘက်တစ်အသင်းထံ အငှားထွက်ကစားခဲ့ပါတယ်။ ယူနိုက်တက်မှာ ရုန်းကန်ခဲ့ရပေမယ့် အန်တိုနီဟာ ဘက်တစ်မှာ ၆ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး နောက်ဆုံး ၆ ဂိုးမြောက်ကို ဖီအိုနဲ့ပွဲမှာ ညာခြေနဲ့သွင်းယူနိုင်ခဲ့ပါတယ်။
စပိန်သားဟောင်းက အသင်းဖော်ဟောင်းရဲ့ကန်ချက်နဲ့ပတ်သက်ပြီး အံ့အားသင့်နေပါတယ်။ အင်တာဗျူးမှာ ဒီဂီယာက “ကျွန်တော် အန်တိုနီနဲ့ အကြိမ် ၁၀၀၀ လောက်လေ့ကျင့်ခန်းဆင်းဖူးပါတယ်။ သူညာခြေနဲ့ ဘယ်တုန်းကမှဂိုးမသွင်းဖူးပါဘူး”လို့ ဒီဂီယာက ဖြေကြားခဲ့ပါတယ်။
အန်တိုနီရဲ့သွင်းဂိုးကြောင့် ဘက်တစ်က ၂-၁ နဲ့အနိုင်ရယူထားနိုင်ခဲ့ပြီး ဒုတိယအကျော့ အီတလီမြေအတွက် အားသာခဲ့ပြီဖြစ်ပါတယ်။ ဒီဂီယာကတော့ လာမယ့်ဒုတိယအကျော့မှာ ပေးဂိုးမပေးရပဲ ဖိုင်နယ်ရောက်အောင် အသင်းကိုကူညီပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။